'ကူတိုက်ပေးတာကို ဝန်ခံပါတယ်။ အခုဖြစ်နေတဲ့ဒေသမှာ ကျွန်တော်တို့
လူမျိုးတွေလဲ တော်တော်များများ နေထိုင်ကြပါတယ်။
ဒါကြောင့် ကိုယ့်လူမျိုးကို ကာကွယ်ပေးတာလဲ ဖြစ်ပါတယ်'
- ဗိုလ်မှူးကြီးမိုင်းအိုက်ကျော်
သတင်းနှင့်ပြန်ကြားရေးဌာနမှူး(TNLA)
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော လောက် ကိုင်ဒေသတွင် ဖြစ်ပွားနေသော အစိုးရတပ်မ
တော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော MNDAA အဖွဲ့တို့၏ တိုက်ပွဲများတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (TNLA)အနေနှင့် ပါဝင်တိုက်ခိုက်ပေးနေခြင်းမှာ မှန်ကန်ကြောင်း TNLA မှ တာဝန် ရှိသူများက ဝန်ခံပြောကြားလိုက်သည်။
''ဖုန်ကြားရှင်နဲ့ ကျွန်တော်တို့က မဟာမိတ် ဖွဲ့ထားတာ။ အရင်တုန်းက ကျွန်တော်တို့ကို ကိုးကန့်တိမ်းရှောင် အဖွဲ့က ကူညီ ပေးခဲ့တယ်။ အခု သူတို့မှာ အခက်အခဲဖြစ်နေတော့ ကျွန်တော်တို့ အဖွဲ့က ပြန်လည်ကူညီ
ပေးတာပါ။ နောက်ပြီးတော့ အခုဖြစ်ပွားနေ တဲ့တိုက်ပွဲတွေမှာ TNLA က ရှေ့တန်းကနေ တိုက်နေတာ မဟုတ် ပါဘူး။ နောက်တန်းကနေပဲ ကူညီပေးနေတာပါ''ဟု TNLA လက် နက်ကိုင်အဖွဲ့မှ ဗိုလ်မှူးကြီး တာဂျုတ်ဂျားက ပြောသည်။
အစိုးရတပ်မတော်နှင့် ဖုန်ကြားရှင်ဦးဆောင်သော MNDAA တို့သည် လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီ ၉ ရက် မှ ၁၂ ရက်အထိ တိုက်ပွဲပေါင်း ၁၃ ကြိမ် အပြင်းအထန် ဖြစ်ပွားခဲ့ ရာ အစိုးရတပ်မတော်ဘက်မှ အရာ ရှိများ အပါအဝင် ၄၇ ဦး ကျ ဆုံးခဲ့ပြီး ၇၃ ဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းနောက် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာခြင်းကြောင့် အစိုးရဘက်မှ လောက်ကိုင်မြို့အား ညမ ထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်၍ နယ်မြေရှင်းလင်းမှုများကို ထပ်မံရှင်းလင်းရေးများ ဆောင်ရွက် ခဲ့သည်။
''ကိုးကန့် တိမ်းရှောင်အဖွဲ့ဘက်က ကူတိုက်ပေးတာကို ဝန်ခံ ပါတယ်။ အခုဖြစ်နေတဲ့ဒေသမှာ ကျွန်တော် တို့လူမျိုးတွေလဲ တော် တော်များများ နေထိုင်ကြပါတယ်။ ဒါကြောင့် ကိုယ့်လူမျိုးကို ကိုယ် ကာကွယ်ပေး တာလဲ ဖြစ်ပါတယ်။ နောက်တစ်ခုက MNDAA နဲ့ ကလဲ မဟာမိတ်ဖွဲ့ထားတော့ တစ်ဖွဲ့ဒုက္ခရောက်ရင် တစ်ဖွဲ့က ကူ ညီရမှာပဲလေ''ဟု TNLA မှ သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဗိုလ် မှူးကြီး မိုင်းအိုက်ကျော်က ဆိုသည်။
လက်ရှိအချိန်တွင် လောက်ကိုင်ဒေသတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော်လည်း နယ်မြေငြိမ်သက်ခြင်း မရှိသောကြောင့် နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အ မှတ်(၂/၂ဝ၁၅)ဖြင့် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းဆိုပြီး ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။
ချစ်မင်းထွန်း | Yangon Media Group
Sign up here with your email
ConversionConversion EmoticonEmoticon