နောင်လာမည့် ငါးနှစ်အတွင်း မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်ပမာဏ မြင့်တက်လာနိုင် ကြောင်း အမေရိကန်လေ့လာရေး အဖွဲ့အစည်းတစ်ခုက ထုတ်ပြန် ချက်တွင် ကြိုတင်သတိပေးခဲ့ပြီး နောက် အမေရိကန်နိုင်ငံကမြောက် ကိုရီးယားနိုင်ငံ၏ နျူကလီးယား တိုးတက်မှုနှုန်းနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ဂျွန်ဟော့ကင်းတက္ကသိုလ်ရှိ အမေရိကန်၊ ကိုရီးယားအဖွဲ့အစည်း မှ ကျွမ်းကျင်သူများက မြောက်ကို ရီးယား ၏ နျူကလီးယား စီမံကိန်း များကို ၁၅ လကြာ လေ့လာပြီး နောက် ထိုသို့ သတိပေးခဲ့ခြင်းဖြစ် သည်။
၎င်းတို့၏အဆိုအရ ဥရောပ ရှိ ခေတ်မီကုမ္ပဏီများက ၄င်းတို့၏ ထုတ်ကုန်များကို တရုတ်နိုင်ငံမှတစ် ဆင့် မြောက်ကိုရီးယားသို့ ပို့ဆောင် ကာ မြောက်ကိုရီးယား၏ နျူကလီး ယားစီမံကိန်းကို တရားမဝင်ထောက်ပံ့ ပေးနေဖွယ်ရှိသည်ဟုလည်း သိရ သည်။
ယင်းနှင့်ပတ်သက်၍ မြောက် ကိုရီးယား မူဝါဒဆိုင်ရာ အမေရိ ကန်၏ အထူးကိုယ်စားလှယ် ဆန် ကင်က ၄င်းသည် ကျွမ်းကျင်သူများ ၏ ထုတ်ပြန်ချက်ကို သေချာ မလေ့ လာရသေးကာ အမေရိကန်အစိုးရက လည်း ထုတ်ပြန်ချက်နှင့်ပတ်သက် ၍ ခွဲခြားသတ်မှတ်ခြင်း မရှိသေး သောကြောင့် ထိုလေ့လာမှုနှင့်ပတ် သက်၍ တစ်စုံတစ်ရာ ပြောကြား လိုခြင်းမရှိသော်လည်း မြောက်ကို ရီးယား၏ နျူကလီးယားလက်နက် အင်အားကို တိုးပွားရန် ဆောင် ရွက်နေမှုနှင့်ပတ်သက်၍ အလွန် အမင်း စိုးရိမ်မိသည်ဟု ဆိုသည်။
မြောက်ကိုရီးယားသည် ၄င်း တို့၏ နျူကလီးယား စီမံကိန်းများကို ဆက်လက်ဆောင် ရွက်နေဦးမည်ဆို တာလည်း သေချာနေကြောင်း ယင်း က ပြောသည်။
အမေရိကန်- ကိုရီးယားအဖွဲ့ အစည်းက မြောက်ကိုရီးယားနိုင်ငံ ၏ နျူကလီးယား ဆိုင်ရာ အနာဂတ် သိုလှောင်မှုများနှင့်ပတ်သက်၍ ကြိုတင် ခန့်မှန်းမှု သုံးကြိမ်ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Democracytoday
Sign up here with your email
ConversionConversion EmoticonEmoticon