ပါဖော်မန့်စ် ပြုလုပ်နေစဉ် စင်ပေါ်မှာ နောက်ပြန်လန်ပြီး လဲကျခဲ့တဲ့ ၀ါရင့်အဆိုတော်ကြီး Madonna


ဝါရင့်အဆိုတော်ကြီး Madonna ဟာ သူ့ရဲ့ အကောင်းဆုံးတင်ဆက်ပြသမှု ပါဖော်မန့်စ် တွေ အောင်မြင်တဲ့ နေ့ရက်တွေ ကုန်ဆုံးသွားခဲ့ပါပြီ။

ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ BRIT Awards 2015 ဆုပေးပွဲမှာ သူ့ရဲ့ ဖျော်ဖြေချိန်အတွင်း ပါဖော်မန့်စ် တစ်ခုပြုလုပ်နေစဉ် စင်ပေါ်မှာ နောက်ပြန်လန်ပြီး လဲကျခဲ့ပါတယ်။

လန်ဒန်မြို့က 02 Arena မှာ ပြုလုပ်တဲ့ ထိုဆုပေးပွဲ မှာ သူမရဲ့ ဖျော်ဖြေမှုအတွင်း အကအဖွဲ့နဲ့ ကြိုတင်စီစဉ် ထားတဲ့ ပါဖော်မန့်စ်တွေဟာလည်း လွဲချော်သွားခဲ့ရတယ်လို့သိရပါတယ်။

အသက် ၅၆ နှစ်ရှိနေပြီဖြစ်တဲ့ Madonna ဟာ တုန်လှုပ်သွားခဲ့ပြီး သီဆိုနေတဲ့ သီချင်းကိုလည်း ယာယီ ရပ်နားလိုက်ပါတယ်။ ပြီးတော့သူမဟာ လှေကားထစ်တွေပေါ်က နောက်ပြန်လန်ပြုတ်ကျရာကနေ အချိန်မီ ပြန်ထပြီး သီချင်းကို အဆုံးထိတော့ ဆက်လက်ဆိုသွားနိုင်ခဲ့တယ်လို့သိရပါတယ်။

ထိုသို့လဲကျခဲ့စဉ်မှာတော့ အကအဖွဲ့ဟာ ဘာမှ မကူညီပေးနိုင်ခဲ့ပေမယ့် လဲကျသွားတဲ့ Madonna ရဲ့ အပေါ် ၀တ်ရုံကို ချွတ်ပေးခဲ့ကြပြီး Madonna ကလည်း ထိုဝတ်ရုံကိုချွတ်ပြီး သီချင်းဆုံးသည်ထိ ဆက်လက်ဆို သွားနိုင်ခဲ့တယ်လို့သိရပါတယ်။

Daily Mirror ရဲ့ ခိုင်လုံတဲ့ သတင်းရရှိမှုအရ Madonna ဟာ ထိုပွဲမှာ ဖျော်ဖြေနိုင်ဖို့အတွက် အတော်လေး ကြိုးစားခဲ့ရပြီး သူ့ရဲ့ အသံ ကီး တွေကိုလည်း မှန်ကန်စွာ ဆိုနိုင်ရန် လျှော့ချခဲ့ရသလို ရီဟာဆယ်လေ့ကျင့် ရာတွင်လည်း ကြိုးစားပြီးလေ့ကျင့်ခဲ့ရတယ်လို့သိရပါတယ်။

Trend Myanmar
Previous
Next Post »
Powered by Blogger.