အနောက်နိုင်ငံတွေ အစ္စလာမ်ကို တိုက်ခိုက်နေခြင်း မဟုတ်


အမေရိကန်သမ္မတ အိမ်ဖြူတော်က ကမကထပြု ကြီးမှူး ကျင်းပတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ထိပ်သီးညီ လာခံမှာ အိုဘားမား မိန့်ခွန်းပြော။ (ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅)

အနောက်နိုင်ငံတွေဟာ အစ္စလာမ်ဘာသာအပေါ် စစ်ပွဲဆင်နွှဲနေတယ်ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ ဘယ်လို ရည်ညွှန်း ပြောဆိုချက်မျိုးမဆို “ဆိုးရွားတဲ့ လိမ်လည်မှု” တခုဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။

IS စစ်သွေးကြွအဖွဲ့နဲ့ တခြား အကြမ်းဖက်အဖွဲ့တွေကို အပြင်းအထန် နှိမ်နင်း သွားမယ်လို့ အမေရိကန်သမ္မ တ အိမ်ဖြူတော်က ကမကထပြု ကြီးမှူးကျင်းပတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ထိပ်သီးညီလာခံမှာ မစ္စတာ အိုဘားမားက အခိုင်အမာ ပြောပါတယ်။ ခရစ်ယာန်နဲ့ ဂျူးလူမျိုး အနောက်နိုင်ငံအများစုက မူစလင်တွေကို စစ်ပွဲဆင်နွှဲနေတယ်ဆိုတဲ့ အပြောတွေကို မစ္စတာအိုဘားမားက ပယ်ချပါတယ်။ မူစလင်ကမ္ဘာမှာ ဆွန်နီတွေ နဲ့ ရှီးယားတွေအကြား ပဋိပက္ခအပါအ၀င် ဘာသာဂိုဏ်းဂဏကွဲ ပဋိပက္ခတွေကို အဆုံး သတ်ရေး နိုင်ငံတ ကာအစိုးရတွေနဲ့ ယဉ်ကျေးမှုမျိုးစုံနိုင်ငံတွေ လုပ်ဆောင်ရမယ်လို့လည်း မစ္စတာအိုဘားမားကပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေ လူစုနိုင်အောင် ဖန်တီးပေးထားသလိုဖြစ်နေတဲ့ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ် မှုတွေကနေ လူတွေ လွတ်မြောက် အောင် ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ ကူညီရမယ်လို့ သမ္မတအိုဘား မားက ပြောပါတယ်။

ကမ္ဘာတ၀န်းက လူငယ်တွေကို အမုန်းတရား သင်ကြားပေးနေကြပြီး လူကြီးတွေအနေနဲ့ မိမိတို့က သင်ကြားပေးနေကြတာ ဖြစ်တယ်လို့လည်း သမ္မတ အိုဘားမားကပြောသွားပါတယ်။ အမေရိကန်နိုင် ငံခြားရေးဌာနမှာ ကျင်းပတဲ့ အကြမ်းဖက် အစွန်း ရောက်ဝါဒ တန်ပြန်ရေး အိမ်ဖြူတော် ထိပ်သီးညီလာခံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန် ကီမွန်းလည်း တက်ရောက် ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.