ISIS အဖွဲ့ဝင်များ အီဘိုလာရောဂါ ကူးစက်ခံနေရ

အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေး စစ်သွေးကြွအဖွဲ့ (ISIS) အဖွဲ့ဝင်အချို့ အီဘိုလိုရောဂါ ကူးစက်ခံထားရပြီး အီရတ်ရှိ ဆေးရုံတခုသို့ တက်ရောက် ဆေးကုသမှု ခံယူနေပုံကို သတင်းဖော်ပြချက်များ ပေါ်ပေါက်လာ ပြီးနောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီ ဖြစ်သည်။

အရေအတွက် ဖော်ပြခြင်း မရှိသော်လည်း ISIS အဖွဲ့ သိမ်းပိုက်ထားသည့် ဘဂ္ဂဒတ်မြောက်ပိုင်းမှ မိုဆူးလ် မြို့ရှိ ဆေးရုံတခုတွင် တက်ရောက်၍ ဆေးကုသမှု ခံယူနေသော စစ်သွေးကြွများအနက် အီဘိုလာရောဂါ လက္ခဏာများ တွေ့ရကြောင်း မီဒီယာ သုံးခုတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ကာဒစ်ရှ်နှင့် အီရတ်လိုလားသော သတင်းအရင်းအမြစ်များမှလည်း ထုတ်ဖော်ပြောကြားမှုများ ရှိလာစဉ် WHO မှာ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ခရစ္စတီဖိဂ်ျက စစ်သွေးကြွများသည် ယင်းဒေသများတွင် ကျန်းမာရေးဆိုင် ရာ အကူအညီများ ပေးမည့် ဆေးအရာရှိများနှင့် ထိတွေ့ဆက်ဆံနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု မှတ် ချက်ပေးသည်။

အီရတ်နှင့် ဆီးရီးယားတို့ရှိ ISIS တို့ သိမ်းပိုက်သော ဒေသများသို့ ကုလ၀န်ထမ်းများ သွားရောက်ခြင်း မပြု ရန် တားမြစ်ထား၍ ယင်းဒေသတွင် အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိပေ။

မိုဆူးလ်မြို့သည် ယမန်နှစ် ဇွန်လကတည်းက ISIS တို့၏ ထိန်းချုပ်ခံခဲ့ရခြင်း ဖြစ်ပြီး လွန်ခဲ့သည့် သီတင်း ပတ်အနည်းငယ်က ၎င်းတို့အား ကုသပေးရန် ငြင်းဆန်ခဲ့သော ဆရာဝန် တဒါဇင်ထက်မနည်းကို သတ်ဖြတ် ခဲ့ကြသည်။

အီရတ်အစိုးရ လိုလားသော သတင်းစာ အယ်လ်ဆာဘတ်ရှ်က အာဖရိကအပါအ၀င် နိုင်ငံပေါင်းများစွာ တို့မှ ရောက်ရှိလာသည့် အကြမ်းဖက်သမားများတွင် အီဘိုလာ ကူးစက်ခံထားရသူများ ရှိနေခြင်း ဖြစ်သည် ဟု ဖော်ပြထားသည်။

ေ ကျော်လင်းထွန်း | News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Previous
Next Post »
Powered by Blogger.