နှစ်နှစ် ဝန်းကျင်အတွင်း ကော့သောင်းအ ကျဉ်းသားများကို တတိယအကြိမ်အ ဖြစ် ဇန်နဝါရီ ၂ရက် နံနက် ပိုင်းတွင် မြိတ်အကျဉ်းထောင်သို့ ရွှေ့ပြောင်း လိုက်သည်။
ကော့သောင်းအကျဉ်းထောင် အတွင်း ပြစ်ဒဏ်အသီးသီးကျခံနေ သော အကျဉ်းသား ၂ဝကို နံနက် ၈နာရီခွဲ တွင် တောင်ကြီးသင်္ဘောဖြင့် တင်ဆောင်ပြီး မြိတ်မြို့နယ် အကျဉ်း ထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ် ကြောင်း
ကော့သောင်းမြို့နယ် အ ကျဉ်းဦးစီးဌာနမှ သိရသည်။
''မြိတ်နယ်ဘက်မှာရဲဘက်စခန်း တွေရှိတယ်။ အဲဒီစခန်းတွေရှိတဲ့အ တွက် အကျဉ်းသားတွေ ဟိုဘက်ကို
ပြောင်းရင်း အလုပ်လဲရတယ်၊ စည်း ကမ်းတင်းကျပ်မှု မရှိဘဲ လွတ်လွတ် လပ်လပ်နေလို့ရတယ်။ မိသားစုဝင်
တွေ မြိတ်ထောင်မှာလာတွေ့ရင် ည အိပ်တည်းခိုလို့တောင် တွေ့လို့ရ တယ်။ အကျဉ်းသားတွေကိုယ်တိုင်
ပြောင်းချင်တာ''ဟု ကော့သောင်း မြို့နယ် အကျဉ်းဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးတင် မောင် ဦးက ဆိုသည်။
ကော့သောင်း အကျဉ်းထောင်တွင် ၂ဝ၁၃ခုနှစ်အ တွင်း အကျဉ်းထောင် အုပ်ချုပ်ရေးနှင့် ပတ်သက်၍မကျေ နပ်သည့်အတွက် အကျဉ်းထောင်အတွင်း ဆူပူမှုဖြစ်ခဲ့ ပြီး ပစ်ခတ်မှုကြောင့် အကျဉ်းသား တချို့ သေဆုံး ခဲ့ပြီးနောက် အကျဉ်း သားများကို တခြားထောင်များသို့ စတင်ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။
၂ဝ၁၃ ခုနှစ် စက်တင်ဘာလ တွင် အကျဉ်းသား ၉၄ဦးကို မော်လ မြိုင်ထောင်သို့ တစ်ကြိမ်၊ ၂ဝ၁၄ခုနှစ် ဇူလိုင်လတွင် အကျဉ်းသား ၅ဝကို မြိတ်အကျဉ်းထောင်သို့ တစ်ကြိမ် နှစ်ကြိမ်ရွှေ့ပြောင်းခဲ့ပြီးဖြစ်သည်။
ယခုပြောင်းရွှေ့သည့် အကျဉ်း သား ၂ဝထဲတွင် မြိတ်မှ အကျဉ်းသား များအများဆုံးပါဝင်ပြီး ကော့သောင်း မှ အကျဉ်းသား ခြောက်ဦးပါဝင် ကြောင်း သိရသည်။ အဆိုပါအကျဉ်း သားများကို မြိတ်အကျဉ်းထောင်မှ တစ်ဆင့် ရဲဘက်စခန်းများသို့ပို့ဆောင် မည်ဖြစ်ကြောင်း လက်ထောက်ညွှန် ကြားရေးမှူး ဦးတင်မောင်ဦးထံမှ သိရသည်။
Dawei Watch | ဒီမိုကရေစီတူဒေး
Sign up here with your email
ConversionConversion EmoticonEmoticon