အသက် ၇၂ နှစ်ရှိနေပြီဖြစ်တဲ့ လက်ဝှေ့သမား ဟာ အမည်မဖော်ပြလိုတဲ့ ဆေးရုံမှာ ရှိနေပြီး သူ့ရဲ့ရောဂါကို အချိန်မီ သိရှိခဲ့တဲ့အတွက်ကြောင့် ကုသပျောက်ကင်းနိုင်ဖို့ မျှော်လင့်ရကြောင်း မိုဟာမက်အလီ ရဲ့ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ဆိုပါတယ်။
မိုဟာမက်အလီကို လက်ရှိမှာ ကျွမ်းကျင်တဲ့ဆရာဝန်အဖွဲ့က ကုသပေးနေပြီး စိတ်ချရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ သူ့ရဲ့ နမိုးနီးယားရောဂါဟာလည်း အချိန်မှီ သိရှိခဲ့တဲ့အတွက် ဆေးရုံမှာ အချိန် အနည်းငယ် သာ နေရမှာဖြစ်တယ်လို့လည်း မိုဟာမက်အလီရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ယောက်ဖြစ်တဲ့ Bob Gunnell က ဆိုပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကတည်းက ဦးနှောက်ရောဂါတစ်မျိုးဖြစ်တဲ့ ပါကင်ဆန်ရောဂါကိုလည်း ခံစားနေ ခဲ့ရပြီး ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့တဲ့ မိုဟာမက်အလီ ဟာ ၁၉၈၁ ခုနှစ်ကတည်း လက်ဝှေ့ လောကမှ အနားယူခဲ့တာဖြစ်ပါတယ်။
Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon