တူရကီတွင် လေ့ကျင့်မှုများပြု လုပ်မည့် ဂျာမန်ကလပ် ဂျု့စ်ဘတ် သည် မော်ဒယ် ၄ဝဝ နှင့် ဟိုတယ်တစ်ခု တည်းတွင် တည်းခိုရမည့် အရေးကြောင့် ၄င်းတို့၏အစီအစဉ် ပြောင်းလဲခဲ့ပြီး ဟိုတယ်ပြောင်းခဲ့ ကြောင်း အသင်းပိုင်ဝက်ဘ်ဆိုက် တွင်ဖော်ပြခဲ့သည်။
ဂျာမန်တတိယ တန်းကလပ် ဂျု့စ်ဘတ်သည် တူရကီနိုင်ငံ အန်တယ်ရာမြို့ရှိ Royal Wings ဟိုတယ် တွင် တည်းခိုပြီး Royal White Star၊ ဂျာမန် ကလပ် ဆွန်နန်ဟော့ဖ်တို့နှင့် ခြေ စမ်းကစားရန်စီစဉ်ခဲ့သည်။ သို့ သော် တူရကီတွင် မယ်ပြိုင်ပွဲရှိ သည့်အတွက် ရုရှားမော်ဒယ် ၄ဝဝ က ဂျု့စ်ဘတ်အသင်းတည်းခိုရန် စီစဉ်ထားသည့် Royal Wings ဟိုတယ်တွင်တည်းခိုရန် စာရင်းပေး ထားခဲ့ကြောင်း သိရှိခဲ့ရပြီးနောက် အသင်းသားများ စိတ်တည်ငြိမ်မှု ထိခိုက်နိုင်သည့် အတွက် နည်းပြ မိုက်ကယ်မိုင်ရာက ဟိုတယ်ပြောင်း ရန်ဆုံးဖြတ်ခဲ့ပြီး Royal Wings ဟိုတယ်အစား Royal Holliday Palace ဟိုတယ်တွင် တည်းခိုရန် စီစဉ်ခဲ့ သည်။
''အားလပ်ရက် လေ့ကျင့်မှုအစီအစဉ်ကို စိတ်အေး အေးထားပြီးလုပ်ချင်ပါတယ်။ ဒီ အတွက် နည်းပြကဟို တယ်ပြောင်း နေဖို့ဆုံးဖြတ်ခဲ့တာပါ''ဟု ဂျု့စ် ဘတ် အသင်းပိုင်ဝက်ဘ်ဆိုက် တွင် ရေးသားဖော်ပြခဲ့သည်။
The Union Daily
Sign up here with your email
ConversionConversion EmoticonEmoticon