မြန်မာပြည်လွတ်လပ်ရေး ရန်ပုံငွေနှင့် ဆရာဒီးဒုတ်ဦးဘချို၏သြဘာစာ

ဘုရားလမ်း မော်တော်ယာဉ်သမဂ္ဂမှ မြန်မာပြည် ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ ချုပ်သို့ ရန်ပုံငွေလှူဒါန်းသော အခမ်းအနားသြဘာစာ

ေ ေဇယ်တု။ ။ တိုင်းတစ်ပါးသား လူမျိုးခြားတို့လက်အောက်သို့ ကျရောက်လျက်ရှိသော ငါတို့ မြန်မာနိုင်ငံကြီး သည် ဟန့်တား ပိတ်တားဆူးငြောင့်များကိုဖယ်ရှား သုတ်သင်၊ ဖယ်ခုတ်ထွင်လျက် လျင်မြန်မနှေး၊ လွတ် လပ်ရေး အောင်ပန်းကိုဆွတ်လှမ်းအောင် မြင်ပါစေသတည်း။ ။

ငါတို့မြန်မာနိုင်ငံကြီးသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့် ကပင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့် ကြငှန်းနှင့် လွတ်လပ်သောအချုပ် အခြာအာဏာပိုင်ပိုင် နိုင်ငံအစစ် ဖြစ်ကြီးဖြစ်ခဲ့သော်လည်း ယခုမူ ကား ဓနရှင်နယ်ချဲ့ သမားတို့၏ ထားရာနေ၊ စေရာသွားရသော ကျွန်ဘဝသို့ကျရောက်လျက်ရှိနေ ပေသည်။ တောတိရစ္ဆာန်
ဖြစ်သော ကျေးငှက်တို့ပင်လျှင် ရွှေ ချိုင့်တွင်း၌ မပျော်မွေ့နိုင်ဘဲ လွတ်လပ်ရေး၏တန်ဖိုးကိုနား လည်ကြပါ လျှင် ငါတို့လူသတ္တဝါ များသည် မည်သည့်နည်းနှင့် ကျွန်ဘဝ၌ပျော်မွေ့နိုင်ကြပါအံ့ နည်း။

ယနေ့အဖို့ကား ဖက်ဆစ် ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ် ရေးအဖွဲ့ချုပ်ကြီးသည် မြန်မာ ပြည်၏ လွတ်လပ် မှုအတွက် တော်လှန်ရေးတပ်ဦးအဖြစ်ဖြင့် တိုင်းပြည်လူထုကိုခေါင်းဆောင် ကာ ချီတက်လျက်ရှိနေ၏။ ထို အဖွဲ့ချုပ်ကြီးကိုအားပေးကူညီရန် တာဝန်သည် မြန်မာတိုင်းရင်း သားတို့၏တာဝန်ဟု ငါတို့ယုံ ကြည်၏။ ထိုအဖွဲ့ချုပ်ကြီး၏ခေါင်း ဆောင်မှုကို စည်းကမ်းသေဝပ်စွာ လိုက်နာရန်အလုပ်သည် တိုင်း ရင်းသားတိုင်းတို့၏ အလုပ်ဟု ငါတို့ယုံကြည်၏။

မြန်မာပြည် လွတ်လပ်ရေးပြဿနာသည် မြန်မာပြည်တွင်း၌ရှင်းလင်း၍ မဖြစ်သောအခြေသို့ရောက်ရှိခဲ့ သည့်အ တိုင်း တော်လှန်ရေးတပ် ဦးဖြစ်သော ဖဆပလအဖွဲ့ချုပ် ကြီးသည် မြန်မာ့အရေးကို ကမ္ဘာ့ အရေးဖြစ်အောင် ဘိလပ်နိုင်ငံသို့ အထိသွားရောက်ဆောင်ရွက်နိုင် ရန် တိုင်းသူပြည်သားတို့၏ထံ၌ လိုအပ်သော အကူအညီ ကို တောင်းခဲ့လေပြီ။

မြန်မာပြည်လွတ်လပ်ရေး တာဝန်သည်လည်း မြန်မာတိုင်း၏တာဝန်ဖြစ်၏။ ငါတို့ဘုရားလမ်းမော်တော် ယာဉ်သမဂ္ဂအသင်းသားတို့သည် မြန်မာပြည်လွတ်လပ်ရေးကိုလိုချင်သောအာသာဆန္ဒပြင်းပြလှကြသဖြင့်
မြန်မာပြည်လွတ်လပ်ရေးအတွက် ငါတို့အပေါ်၌ကျရောက်သောတာဝန်ကို သွေဖည်ငြင်းဆန် ခြင်းမပြုဘဲ ဝမ်းမြောက်ဝမ်းသာစံနမူနာပြအဖြစ် ထမ်းဆောင်လိုကြသော သန့်ရှင်းလှသောစေ တနာဖြင့် ဒီဇင်ဘာ ၁၂ရက်တွင်ဘုရားလမ်းမော်တော်ယာဉ် သမဂ္ဂဝင်ဘတ်စ်ကားတို့မှ တစ်နေ့တွက်ရရှိသော ငါတို့ချွေးနှဲစာ
ငွေပေါင်းကို ဖဆပလအဖွဲ့ချုပ်ကြီးအား လောလောဆယ်ရရှိသောရန်ပုံငွေအတွက် ထည့်ဝင်လှူဒါန်း ရန် ဤအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပေရာ မြန်မာပြည်တွင်းရှိ တိုင်းရင်းသားအများတို့သည် လည်း မိမိတို့၏ တာဝန်ကိုရှောင် သွေခြင်းမပြုကြဘဲ ငါတို့၏ စံပြနမူနာသဘောအတိုင်း သောင်းသောင်းဖြဖြပါဝင်လှူဒါန်းနိုင် ကြ ပါစေသတည်း။

အထက်ပါ ဖက်ဆစ်ဆန့် ကျင်ရေးပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်အတွက် ရန်ပုံငွေကို ဘုရားလမ်းမော်တော် ယာဉ်သမဂ္ဂ မှလှူဒါန်းသောအခမ်းအနားတွင် ဖတ်ကြားရန် အာဇာနည်ခေါင်း ဆောင်ကြီးဒီးဒုတ်ဦးဘချိုရေး သားပေးခဲ့သည့် သြဘာစာဖြစ် သည်။

ထိုသြဘာစာလက်ရေးမူ ကို ကွယ်လွန်သူသခင်မကြီး ဒေါ်စိုးကြည်ထံမှ မိတ္တူကူးယူထားခဲ့ခြင်းဖြစ်သည်။

ဆရာကြီး ဦးဘချိုသည် ၁၈၉၃ ဧပြီ ၂၃ ရက်တနင်္လာနေ့ တွင်မြောင်းမြမြို့ဆေးဆရာကြီး ဦးဘိုးစာ-ဒေါ်မြစ် တို့မှမွေးဖွားခဲ့ သော သားရတနာဖြစ်သည်။ ပ ညာရေးအနေဖြင့် သတ္တမတန်း နှင့်ဆယ်တန်းစကောလား ရှစ်ဖြင့် အောင်မြင်ခဲ့ပြီး ဘီအေအထက် တန်းတွင် တက်ရောက်နေဆဲ မျက်စိရောဂါကြောင့် ကျောင်း ထွက်ခဲ့ ရသူဖြစ်သည်။ ဆရာ သည် စာပေနှင့်ဂီတပညာတွင် ဝါသနာထုံသူဖြစ်သည့်အလျောက် ကလောင်နာမည် အမျိုးမျိုးဖြင့် ကဗျာ၊ လင်္ကာအများအပြားရေး သားခဲ့ရာ၌ ‘နောက်ဆွယ်ချောင် ကတောက်တဲ့မောင်’ဟူ၍ကျော် ကြားခဲ့သလို ၁၉၂၅ တွင် ဒီးဒုတ် ဂျာနယ်ကို ဦးစီးထုတ်ဝေခဲ့သူ လည်းဖြစ်သည်။

၁၉၂၀ ပြည့်ကျောင်းသား သပိတ်ကြီးတွင် အမျိုးသားကော လိပ်ကျောင်းဆရာကြီးဖြစ်ခဲ့ပြီး ထိုနှစ်တွင်ပင်
ေ ဒေါ်လှမေနှင့် လက်ထပ်ခဲ့သည်။ ၁၉၃၀ ပြည့် တွင် မြန်မာ့ဇေယျာသတင်းစာကို ဦးကျော်မြင့်၊ ဒေါက်တာ ဘမော် တို့နှင့်အတူတွဲ၍ထုတ်ခဲ့သည်။ ၁၉၃၅ ၌ မြန်မာဂီတလောက၏ မှီငြမ်းပြုစာအုပ်ကြီးဖြစ်သော ဂီတဝိသေဓနိကျမ်းကြီးကိုတည်း ဖြတ်ခဲ့သည်။

၁၉၃၆ ခုနှစ်တွင် တက္ကသိုလ် သပိတ်မှောက်ကျောင်းသားများ ၏ စောင့်ရှောက်ရေးအမှုဆောင် အဖွဲ့ဝင်တစ် ဦးအဖြစ် ပါဝင်လှုပ် ရှားခဲ့သည်။ ၁၉၄၀ ပြည့်နှစ်၌ တရုတ်-မြန်မာချစ်ကြည်ရေး မိတ်ဆက်အဖွဲ့ဝင်တစ်ဦး အနေ နှင့် တရုတ်ပြည်ချန်ကင်းမြို့သို့ သွားရောက်ခဲ့သည်။

၁၉၄၃ သြဂုတ် ၁ ရက်၌ ဂျပန်ပေးအပ်သောဗမာ့လွတ် လပ်ရေး(ရွှေရည်စိမ်လွတ်လပ် ရေးအတု) ရပြီးနောက် ဗမာနိုင်ငံ တော် အတိုင်ပင်ခံလွှတ်တော် အမတ်ဖြစ်ခဲ့ပြီး စစ်ပြီးခေတ် နောက်ပိုင်း ၁၉၄၇ တွင် သတင်း နှင့်ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

တိုင်းပြု ပြည်ပြုလွှတ်တော်တွင် မြန်မာ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီအဖွဲ့ ဝင်ဖြစ်ခဲ့ပြီး ၁၉၄၇ ဇူလိုင် ၁၉ ရက် စနေနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်၌ လုပ်ကြံခံရ၍ မွန်း လွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ကျဆုံးသွားခဲ့ရရှာပေသည်။

ဆရာကြီးဦးဘချိုကွယ်လွန် ချိန်တွင် ဇနီးဒေါ်လှမေနှင့် သမီးများဖြစ်သော မခင်နု၊ မခင်ပု၊ မေမေခင်၊ခင်ခင်ဦး တို့ကျန်ရစ်ခဲကြ၏။

မောင်ကြော့ဝေ | 7day
Previous
Next Post »
Powered by Blogger.