မွတ်စလင်ဝတ်စုံဖြင့် ခြေမျက်စိဖော်ခဲ့သည့် ဆလီနာဂိုမက်ဇ် လူမှုကွန်ရက် စာမျက်နှာမှ ဓာတ်ပုံကို ပြန်ဖြုတ်

ပေါ့ပ်အဆိုတော် ဆလီနာဂိုမက်ဇ်သည် မွတ်စလင် အမျိုးသမီး ဝတ်စုံဖြင့် အမှတ်တရ ဓာတ်ပုံ ရိုက်ကူး ခဲ့ပြီးနောက် ခြေမျက်စိဖော် ထားသော အဆိုပါ ဓာတ်ပုံကို လူမှုကွန်ရက် စာမျက်နှာ အန်စတာဂရမ်တွင် တင်ခဲ့ရာ ဝေ ဖန်မှုများထွက်ပေါ်လာခဲ့ခြင်းကြောင့် ယင်း ဓာတ်ပုံကို ပြန်ဖြုတ်လိုက်ကြောင်း ဒေးလီး မေးလ် သတင်း ဌာနက ယနေ့ဖော်ပြထား သည်။

မွတ်စလင်ဘာသာရေး ထုံးစံအရ မွတ် စလင် အမျိုးသမီး အနေဖြင့် အဆိုပါ ဝတ်စုံကို ဝတ်ဆင်ရာတွင် ခြေ ဆုံးခေါင်းဆုံး လုံခြုံစွာ ဝတ်ဆင်ရကြောင်း သိရသည်။ ဆလီနာဂိုမက်ဇ်သည် အာရပ်စော်ဘွား များနိုင်ငံ (ယူအေအီး)သို့ အလည်အပတ်သွား ရောက်ရင်း အဆိုပါ ဓာတ်ပုံကိုရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ရိုက်ကူးခဲ့ သည့် နေရာမှာ ယူအေ အီးရှိ ဗလီတစ်ခုတွင် ရိုက်ကူးခဲ့ခြင်းဖြစ် သည်။

ထို့အပြင် ဆလီနာဂိုမက်ဇ်သည် ယူ အေအီးနိုင်ငံသို့ သွားရောက်စဉ် အခြားသော ဂီတသမားများ ရုပ်သံ တင်ဆက်သူများဖြစ် သည့် ကန်ဒဲဂျန်နာ၊ ဂျီဂျီဟာဒစ်၊ ကိုဒီဆမ် ဆမ်၊ ရှေးမစ်ချယ်လ်တို့နှင့်အတူ မွတ်စလင် အမျိုးသမီးဝတ်စုံကိုဝတ်ဆင်၍ အုပ်စုလိုက် အမှတ်တရဓာတ်ပုံတစ်ပုံရိုက်ကူးကာ အင်စတာဂရမ်တွင်
  ဖော်ပြ ခဲ့သည်။

ယူအေအီးနိုင်ငံရှိ ဗလီများတွင် အလည် အပတ်လာရောက်သူများအနေဖြင့် လိုက်နာ ရန် စည်းကမ်းများ သတ်မှတ်ထားပြီး အမျိုး သားနှင့်အမျိုးသမီးများ လက်ချင်းချိတ်၍ မသွားရန်၊ ဗလီထဲတွင် အနမ်းမပေးရန်နှင့် အမျိုးသမီးများ ဘာသာရေးဝတ်စုံဝတ်ဆင် ရာတွင် ခြေမျက်စိမပေါ်ရန်တို့ ပါဝင်ကြောင်း သိရသည်။ဆလီနာ ဂိုမက်ဇ်၏ ခြေမျက်စိဖော် ထားသည့်ဓာတ်ပုံနှင့်ပတ်သက်ပြီး ဘာသာ ရေးအဆောက်အအုံကို ပန်းခြံကဲ့သို့
နောက် ပြောင်စရာနေရာမဟုတ်ကြောင်း၊ လေးစားမှု ရှိရန်လိုအပ်ကြောင်း မှတ်ချက်များပေးသူ များရှိခဲ့သည်။

၂ဝ၁၃ ခုနှစ်တွင်လည်း R & B အဆို တော်ရီဟားနားသည် အဆိုပါဗလီ၏ ပြင်ပ တွင် အမူပိုသည့် ဟန် ပန်များဖြင့် ဓာတ်ပုံ ရိုက်ခဲ့ခြင်းကြောင့် ဗလီတာဝန်ရှိသူများက နှင်ထုတ်ခဲ့ကြကြောင်းသိရသည်။

The Union Daily
Previous
Next Post »
Powered by Blogger.