ထိုဒီနေရာကိုသွားနေဖို့ အဝတ်ဗလာဖြစ်စရာတော့ မလိုအပ်ပေမယ့် ထူးခြားမှု အနည်းငယ်တော့ ခံစားရနိုင် ပါတယ်။
ရေကူးခြင်း၊ အိမ်မှုဝေယျာဝစ္စတွေ ဆောင်ရွက်ခြင်းနဲ့ အရက်ဆိုင်မှာ အရက်သောက်ခြင်းတွေ အားလုံးတို့ကို အဝတ်အစား မ၀တ်ပဲ နေထိုင်ဆောင်ရွက်ကြပါတယ်။
ကိုယ်တုံးလုံးပန်းချီအနုပညာပွဲတော်နဲ့ ကိုယ်တုံးလုံးယောဂီကျင့်စဉ်တွေ တောင်ရှိသတဲ့။ အဟုတ်ပါပဲ။
အသက် ၈၀ နှစ် Spielplatz ဒေသခံ Iseult Richardson ဟာ အဲဒီကျေးရွာမှာသူမဘဝတလျောက် နေ ထိုင်လာခဲ့သူဖြစ်ပြီး သဘာဝဆန်တဲ့နေထိုင်မှုမျိုးနဲ့ အသက်ရှင်သွားဖို့ အလေးအနက် ပြောဆိုခဲ့ပါတယ်။ သူမဖခင်မှာ ၎င်းနေရာဒေသကို စတင်ထူထောင်ခဲ့သူဖြစ်တယ်။
ပင်ကိုယ်ပကတိမွေးရာပါအတိုင်း နေထိုင်သူတွေနဲ့ ခေတ်မီလူမှုပုံစံအတိုင်း နေထိုင်သူတွေအကြား ဘာခြား နားမှုမှ မရှိပါဘူးလို့ သူမက Mirror ကို ပြောပြခဲ့တယ်။
စာပို့သမားတွေ၊ စီးပွားရေးသမားတွေနဲ့ ဒီနေရာသို့ အလည်အပတ်လာရောက်သူတွေကလည်း ဒီလို အ ၀တ်မ၀တ်ပဲ နေထိုင်သွားလာလှုပ်ရှားမှုတွေကို စိတ်အနှောက်အယှက်ဖြစ်နေဟန် မရှိခဲ့ကြပါဘူးလို့ သူမ ထပ်မံပြောဆိုခဲ့တယ်။
နောက်ပိုင်းမှာတော့ Naked Village အနေနဲ့ ဒီနေရာတွင် ပေါင်သန်းပေါင်းများစွာကုန်ကျတဲ့ အိမ်ယာတစ်ခု တည်ဆောက်သွားဖို့ အိမ်ခြံမြေလုပ်ငန်းရှင်၊ကုမ္ပဏီတွေ မျှော်လင့်နေကြတဲ့ သတင်းတွေထွက်လာပြီးဒေ သခံတွေ ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရကြောင်း Mirror သတင်းအရသိရပါတယ်။
တခြားနေရာက ဒေသခံတွေက အဝတ်ဗလာနေရတာ မနှစ်မြို့တာကြောင့် ဒေသခံတွေရဲ့ မိသားစုဝင်
တွေနဲ့ ပြသနာရင်ဆိုင်နေကြရပါတယ်။ လာရောက်လည်ပတ်သူတွေအနေနဲ့လည်း အဝတ်အစား မ၀တ်ဘဲ နဲ့သာ လာရောက်သင့်ကြောင်း တချို့က ပြောသလို တစ်ချို့ကလည်း ၀တ်ဆင်သင့်တယ်လို့ အလေးနက်
ပြောဆိုနေကြပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒီဇင်ဘာလ ၁၁ ရက် ည ၉ နာရီတွင် Naked Village အဝတ်အစား ဝတ်ပါတော့မယ်။
Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon