ကျွန်တော်တို့ရဲ့ဆင်ဆာက ကျွန်တော်တို့ရဲ့ ပရိသတ်ပါလို့ပြောလာတဲ့ ဒါရိုက်တာသည်ခေတ်နေက ဒီနေ့ခေတ် ဒီနေ့အခါက ဆင်ဆာကို သေလောက်အောင် မုန်းပါတယ်လို့ ဖွင့်ဟ


ဇာတ်ညွှန်းရေးဆရာတစ်ယောက်အနေနဲ့ ၅ နှစ်နီးပါး အတွေ့အကြုံယူခဲ့ပြီး လက်ရှိမှာ ထူးခြား ဆန်းပြားတဲ့ ဇာတ်လမ်းအချို့ရဲ့ ဖန်တီးရှင် ဒါရိုက်တာတစ်ယောက်အနေနဲ့ ရပ်တည်စပြုနေတဲ့ လူငယ်တစ်ဦးကတော့ ဒါရိုက်တာညိုမင်းလွင်ရဲ့ ကိုယ်ပွားလို့ပြောလို့ရသလို ဒါရိုက်တာ ညိုမင်းလွင်ဟာ သူ့ရဲ့လက်ဦးဆရာ၊ သူလေးစားအားကျရသူလို့ ပြောလာသူကတော့ ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာသည်ခေတ်နေပဲဖြစ်ပါ တယ်။ သူ့ကို ကမ္ဘာဦးမှတ်ပုံတင် ရှုတင်မှာတွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းဖြစ်တဲ့အခါ

အခုလက်ရှိဖန်တီးနေတဲ့ ဇာတ်ကားအကြောင်းကို ပြောပြပေးပါ။


အခုရိုက်နေတဲ့ ကားလေးက ကမ္ဘာဦးမှတ်ပုံတင်တဲ့။ ကျွန်တော်ငယ်ငယ်တုန်းက ဦးမျိုးမင်းရဲ့ ကားလေးတစ် ကား နှင်းဆီဝိုင်ဆိုတဲ့ ကားလေးကြည့်ဖူးတယ်။ ကိုလွင်မိုးနဲ့မတင့်တင်ထွန်းနဲ့ပေါ့။ အဲ့ဒီကားလေးကို ငယ် ငယ်ကတည်းက ကြိုက်ခဲ့ဖူးပါတယ်။ နောက်ပြီး ကျွန်တော် ဒီအလုပ်ကို နည်းနည်း ၀ါသနာပါလာတဲ့အချိန် မှာ ကျွန်တော့်ဆရာ ဒါရိုက်တာညိုမင်းလွင်ရိုက်တဲ့ နှင်းဆီနက္ခတ်ဆိုတဲ့ ကားလေးကိုလူမင်းနဲ့မအူဝဲတို့ပေါ့။

အဲ့ဒီကားလေးတွေကို ကျွန်တော် ငယ်ငယ်ကတည်းက ကြိုက်ခဲ့ဖူးတယ်။ အဲ့တုန်းက ငါသာဒါရိုက်တာ တစ်ယောက်ဖြစ်ခဲ့ရင် ဆိုပြီး စိတ်ကူးယဉ်ခဲ့တဲ့ ကားလေးက ကျွန်တော်ဇာတ်ညွှန်းရေးတဲ့ဘ၀ကတည်းက စိတ်ကူးယဉ်ခဲ့တဲ့ ကားလေး ပေါ့။ ကောင်မလေးမသိအောင် ကောင်မလေးကို ၆ ကြိမ် ၇ ကြိမ်တိုင်တိုင် အနမ်း လိုက်ပေးရတာ။ အဲ့ဒါကို ကောင်မလေးက ရအောင် လိုက်ဖမ်းရမှာပေါ့။ ဇာတ်ညွှန်းက ကျွန်တော် ပါပဲ။ ဒါပေမဲ့ ဒီရက်ပိုင်းက ကျွန်တော်အလုပ်နည်းနည်း ရှုပ်နေတော့ တွဲဖက်ဇာတ်ညွှန်း အနေနဲ့မြတ်မိုးအိမ် ပါလာပါတယ်။

ဒီနေ့ခေတ် ဒီနေ့အခါမှာ ဒါရိုက်တာတိုင်း ကြုံတွေ့ရတဲ့ ဆင်ဆာဆိုတဲ့အရာပေါ် အစ်ကို့ရဲ့ အမြင်လေးကို လဲ သိချင်ပါတယ်။

ကိုယ်တို့လဲ လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရပြီဆိုပြီး ပျော်နေတဲ့ ကလေးလေးတစ်ယောက်က ပြောရမယ် ဆိုရင် လူလားစမြောက်ပြီလို့ကိုယ့်ကိုကိုယ် ထင်တဲ့အချိန်မှာပဲ လူကြီးတွေရဲ့ ခြိမ်းခြောက် ဟိန်းဟောက် တာကိုခံပြီး ဒါကြီးကို ပြန်တားမြစ်လိုက်တာကိုတော့ ကိုယ်မကြိုက်ဘူး။ အခုလွတ်လပ်ပြီ ဆိုပြီး ကိုယ်တို့က လုပ်ကြတော့မယ်။ ခုဆို အကုန်လုံးကလဲ ကြိုးစားနေကြပါတယ်။ အဲ့အခြေအနေမျိုးမှာ ဘာဖြစ်လို့ဆင်ဆာ ကြီးက ပြန်လာပြီး သရဲသစ္ဆေလို ပြန်လာခြောက်ရတာလဲ ။

အဲ့ဒီဆင်ဆာကိုလဲ ကိုယ်သေလောက်အောင်မုန်းပါတယ်။ ဆင်ဆာဆိုတာကို ကိုယ်ကိုတိုင် လူကြီးတွေ ကိုပြန်မေးချင်ပါတယ်။ ကိုယ်သတ်မှတ်တဲ့ ရုပ်ရှင်ဆင်ဆာဆိုတာကတော့ ကိုယ်တို့ရဲ့ ဆင်ဆာဟာ ကိုယ် တို့ရဲ့ပရိသတ်ပါပဲ။ ဆင်ဆာကို ချိုးဖောက်တယ်ဆိုရင် ပရိသတ်က ဖြတ်ပါလိမ့်မယ်။ လူကြီးတွေ ဖြတ်စရာ မလိုပါဘူး။ ကိုယ်အရင်တုန်းကလဲ တခါဖြေဖူးတယ်။ ဆင်ဆာ လွတ်လပ်ကာစတုန်းကပေါ့။ ဆင်ဆာ၊ ဆင်ဆာ၊ ဆင်ဆာဆိုပြီးသူတို့က ဖြတ်ရအောင် မူလတန်းကလေးတစ်ယောက်မှာပဲဖြစ်စေ၊ ဆယ်တန်း
ကျောင်းသားကြီးတစ်ယောက်မှာပဲ ဖြစ်စေ စာမေးပွဲဖြေရမယ်ဆိုရင် သင်ရိုးညွှန်းတန်းဆိုတာ ရှိရမယ်။

ကိုယ်တို့ စာမေးပွဲ ဖြေနေကြတာလေ။ ကိုယ်တို့မှာ သင်ရိုးညွှန်းတန်း ရှိရမှာပေါ့။ သူတို့ ဆင်ဆာဖြတ် ချင်တယ်ဆိုရင် သူတို့ရဲ့ ဆင်ဆာသင်ရိုးညွှန်းတန်းကို ထုတ်ပေးရမယ်။ ဘာကရသည်။ ဘာကမရဘူး။ ဘာကို ဘယ်လိုကျက်ရင် ဘယ်နှစ်မှတ်ရမယ်။ မကျက်ရင် ဘယ်လောက် ကျရှုံးမယ်ဆိုတဲ့ သင်ရိုးညွှန်းတန်း ကို ထုတ်ပြန်စေချင်တယ်။ ထုတ်ပြီးမှ ဆင်ဆာဖြတ်ပါ။ စောက်ရမ်းမုန်းပါတယ် အဲ့ဒီဆင်ဆာကို ။

ဒီနေ့ခေတ် ဒီနေ့အခါမှာ ဆင်ဆာဆိုတာ လုံးဝမရှိသင့်တော့ပါဘူး။ ဒါပေမဲ့သူတို့က မဖြစ်သင့်လို့ဆင်ဆာ ကို ချိုးဖောက်မှာစိုးလို့ ဆင်ဆာလို့ ခေါင်းစဉ်တပ်လာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ဆင်ဆာက ကျွန်တော် တို့ရဲ့ပရိသတ်ပါပဲ။ သူတို့ဖြတ်ပါလိမ့်မယ်။ ကျန်တဲ့သူတွေသူတို့ သိသလောက်ပေတံနဲ့ဝင်တိုင်းပြီးဖြတ် စရာမလိုပါဘူး။

ခုချိန်မှာ ပရိသတ်တွေကျတော့လဲ အရင်နဲ့မတူတဲ့ ပုံစံလေးတွေကို ကြည့်ချင်ကြတဲ့တွက် နားလည်ပေးနေ ကြတဲ့ အချိန်မှာ မြန်မာ့ရုပ်ရှင်လောကကို အစ်ကို့ရဲ့အမြင်လေးနဲ့သုံးသပ်ပေးပါဦး။

ကျွန်တော်တို့ငယ်ငယ်တုန်းကဆို ကျွန်တော်အရမ်းကြိုက်တဲ့ စာရေးဆရာတစ်ယောက်ရှိတယ်။ မောင် သစ်စိမ်းရေးတာ စာအုပ်နာမည်က ကြောက်စိတ်တဲ့။ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက မိရိုးဖလာ ထုံးတမ်းအစဉ်အလာအရ ခြိမ်းခြောက်ခံရတယ်။ ကြောက်စိတ်တွေ အမွေးခံရတယ်။ ခုချိန်မှာ ကျွန်တော် တို့က လွတ်လပ်ပြီထင်ပြီး အလုပ်လေးလုပ်မယ် ကျန်ကာရှိသေးတယ်။ သူတို့က ထပ်ပြီးခြိမ်းခြောက် လိုက်တော့ ရှေ့ဆက်ရမဲ့ ကလေးလေးတစ်ယောက်အနေနဲ့ ကျွန်တော်တို့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတစ်နိုင်ငံ ကျွန်တော်တို့အနုပညာအရက ဖွံ့ဖြိုးကာစ ဖွံ့ဖြိုးတော့မဲ့ အခြေအနေမှာ ထပ်ပြီးခြိမ်းခြောက်လိုက်တော့ ဖန်တီးတော့မဲ့သူတွေက ဘာလုပ်ရတော့မှာလဲ။

ဒါကြီးကိုကြားပြီး ကြောက်သွားတယ်။ ကျွန်တော်တို့ကခုချိန်မှာ ရပ်တန့်ပစ်လိုက်လို့လဲမရဘူး။ သူတို့
ဘောင်ထဲကို လိုက်ဝင်လို့လဲ မရဘူး။ သူတို့မကြိုက်တာကို မရိုက်နဲ့။ သူတို့ ရိုက်စေချင်တာပဲ ရိုက်ဆို ကျွန်တော်တို့က ဒီပုတ်ထဲကဒီပဲပဲဖြစ်နေမှာပါ။ ကျွန်တော်တစ်ခွန်းပြောချင်တာက ဒါရိုက်တာသည်ခေတ်
နေတစ်ယောက်အနေနဲ့ ဆင်ဆာကို အရမ်းမုန်းပါတယ်။ ကျွန်တော်တို့ရဲ့ဆင်ဆာဟာ ကျွန်တော်တို့ရဲ့ပ ရိသတ်ပါပဲ။

နောက်ဆုံးပရိသတ်ကြီးကိုပြောပြချင်တာလေးရှိရင် သိပါရစေ။

ခုလက်ရှိ ဒီနေရာ ဒီအတိုင်းအတာမှာ ဒီလိုရပ်တည်နိုင်တာ အစ်ကို့ရဲ့အဓိက ကျေးဇူးရှင်က ကိုယ့်ရဲ့ဆရာ ဒါရိုက်တာညိုမင်းလွင်ပါ။ ကိုညို့မှာ အစ်ကိုကြိုက်တဲ့စိတ်တစ်ခုက စိတ်တံခါး အမြဲဖွင့်ထားတဲ့သူပေါ့။ အစ်ကို လဲ အဲ့လို ပဲ ကိုယ့်စိတ်ကိုထားနေပါတယ်။ ဒီနေ့ဒီချိန်ထိလဲ ကိုယ်ထိုင်မဲ့ ဒါရိုက်တာခုံကို မထားပါဘူး။ ဘာ လို့လဲဆိုတော့ အဲ့ဒီထိုင်ခုံမှာ ကိုယ်ထိုင်ရမဲ့နေ့က ကိုယ်အလုပ်ချင်ဆုံး အရာကြီး လုပ်ဖြစ်တဲ့ တစ်နေ့လို့ ကိုယ်သတ်မှတ်ထားလို့ပါ။ ၂၀၁၅ ၃ လပိုင်းမှာ ပရိသတ်တွေအတွက် ထူးခြားတဲ့အရာ တစ်ခုကို ဖန်တီး
ပြဖို့ရှိပါတယ်။

ခင်ဆွေသက် | Trend Myanmar

Previous
Next Post »
Powered by Blogger.