လက်ပံတောင်းတောင်တွင် ဖြစ်ပွားခဲ့သည်ပဋိပက္ခ ဖြစ်စဉ်တွင် သေနက်ထိမှန်ကာ သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်း
အား ဂုဏ်ပြုသည့် အထိန်းအမှတ်အဖြစ် ဗကသ မှ မဟာဗန္ဓူလ ပန်းခြံတွင် ဖယောင်တိုင်း ထွန်းကာတမိနစ် ခန့် ငြိမ်သက်အလေးပြု ခဲ့သည်။
လက်ပံတောင်းတောင်ပဋိပက္ခတွင် သေနတ်ထိမှန် သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းအပေါ်တွင်ကိုယ်ချင်းစာကြောင်း
၊ ရဲတပ်ဖွဲ့၏အပြုအမူအား ဗကသ အဖွဲ့အစည်းက ရှုတ်ချကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ကျွန်တော်တို့လုပ်ရတဲ့ ရည်ရွယ်ချက်က အစိုးရက ပြည်သူတွေကို အခုလိုမျိုး အကြမ်းဖက်တဲ့ လုပ်ရပ်တွေ ကို လက်မခံဘူး ဆိုတာရယ်၊ ပြည်သူတွေပေါ်မှာ အစိုးရရဲ့ ဆက်ဆံမှု အတွင်းသဘောကို ပြည်သူတွေ သိအောင်လို့ပါ”ဟု ဗကသ တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ် က ပြောသည်။
အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားတွင် ဗကသ အဖွဲ့အစည်းမှ အင်အား ၃၀ ခန့်တတ်ရောက်ခဲ့ပြီး ဂုဏ်ပြုသည့် အနေဖြင့် သီချင်းများ သီဆိုကာ ပန်းခြံအတွင်းမှ မြို့တော်ခန်းမ ရှေ့သို့ ချီတတ်လမ်းလျှောက်ခဲ့သည်။
ေေ နေမင်းခ၊ ဇော်ခိုင် | News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Sign up here with your email
ConversionConversion EmoticonEmoticon