အိန္ဒိယနိုင်ငံမှ ဆန်များဝင်လာသော်လည်း တပ်မတော်ရိက္ခာ စပါးသွင်းရန်ရှိသဖြင့် ဆန်ဈေးပြန်မြင့်

ြ မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထွက်စပါးများ ဈေးသက်သက်သာ သာဖြင့် ကလေးခရိုင်သို့ ၀င်ရောက်လာသော်လည်း တပ်မတော်ရိက္ခာစပါးသွင်းရန်ရှိနေခြင်းကြောင့် စပါး
ဈေးနှုန်း ပြန်လည်မြင့်တက်လာကြောင်း သတင်းရရှိသည်။

နိုဝင်ဘာအတွင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တင်ဒါများခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သူများ အနေဖြင့် စပါးတင်း တစ်သိန်းကျော်ကို ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှစတင်ကာ တပ်မတော်ရိက္ခာ စပါးသွင်းရ မည် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်လခန့်မှ စတင်၍ မဏိပူရပြည်နယ်မိုရေးမြို့မှတစ်ဆင့်အိန္ဒိယဆန်များဝင်ရောက်ခြင်းကြောင့်
ကျဆင်း ခဲ့ရသည့် စပါးဈေးနှုန်းသည် ယခင်က စပါးတစ်တင်းလျှင် ကျပ်၃,၄၀၀ မှ ယခုအခါ ရိုးရိုးစပါးတစ် တင်းလျှင်ပင် ကျပ် ၄,၀၀၀ အထိ ရှိနေပြီဖြစ်သည်ဟု ဆန်ကုန်သည်ဦးမောင်မောင်က ပြောသည်။

‘‘အိန္ဒိယက ဆန်တွေက လည်း တမူးမြို့နယ်စပ်ဂိတ်ကနေ ကလေး-တမူးဒေသတွေကို ၀င် နေတယ်။ ဒေ သတွင်းမှာလည်း စပါးလှိုင်လှိုင်ထွက်တဲ့ အချိန် ရောက်နေတယ်။ ဒါပေမဲ့ တပ် မတော်ရိက္ခာစပါးသွင်းဖို့ ရှိနေတဲ့ အတွက် စပါးဈေးက လွန်ခဲ့တဲ့ နှစ်လလောက်ကထက် မြင့်လာ ပါတယ်’’ဟု ကလေးမြို့မှ ဆန် ကုန်သည်၊ ဆန်စက်ပိုင်ရှင် ဦး မောင်မောင်ကပြောသည်။

မိုရေးမြို့မှ ၀င်ရောက်လာ သည့် အိန္ဒိယဆန်သည်အရေအ သွေးကောင်းပြီး ဆန်တစ်တင်းခွဲ ပါဆန်တစ် အိတ်လျှင် ၁၅,၀၀၀ကျပ် ဈေးပေါက်သည်။

ထို့ကြောင့် ကလေး-တမူး ဒေသများရှိ ပြည်သူများသည် ဈေးနှုန်းချိုပြီး ဆန်အရည်အသွေး ကောင်းသည့် အိန္ဒိယဆန်ကို စား သုံးခြင်းကြောင့် ဒေသတွင်းထွက် ဆန်ဈေးနှုန်းများ ကျဆင်းသွားခဲ့ သည်။ တပ်မတော် ရိက္ခာအတွက်စပါးတင်းပေါင်း တစ်သိန်းကျော်သွင်းရမည်ဖြစ်သောကြောင့် စပါးပေါ်ချိန် ဒေသတွင်း ဈေး ကွက်ကျ ဆင်းသွားခြင်းမရှိဘဲ တောင်သူများ အရှုံးမပေါ်စေရန် ဆန်ဈေးကွက်ကို ထိန်းထားနိုင်ခြင်းဖြစ်သည် ဟု ကလေးမြို့ရှိ ဆန်ကုန်သည်များက ပြောသည်။

ကိုစိုင်း | 7day



Previous
Next Post »
Powered by Blogger.