ဒီဇင်ဘာ ၂၉ ရက်၊ နံနက်ပိုင်းက အထက်တန်းကျောင်း တစ်ကျောင်းရှိ ဆောက်လုပ်ဆဲ အဆောက်အအုံ တစ်ခုတွင် ယင်းမတော်တဆမှု ပေါ်ပေါက်ခဲ့ပြီး နောက်ထပ် လူ(၄)ဦး ဒဏ်ရာ ရရှိခဲ့သည်။
Xinhua သတင်းအေဂျင်စီက ဘေဂျင်းအနောက်မြောက်ပိုင်းရှိ ရှင်းဟွာ အထက်တန်းကျောင်းတွင် ငြမ်းစင် ပြိုကျခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါကျောင်းတွင် အားကစားရုံ အဆောက်အအုံသစ် တစ်ခုကို တည်ဆောက်နေခြင်း ဖြစ်သည်။
ကျောင်းမှ တာဝန်ရှိသူတစ်ဦးက သေဆုံးသူနှင့် ဒဏ်ရာရသူ အားလုံးသည် ဆောက်လုပ်ရေး လုပ်သားများ သာ ဖြစ်ကြပြီး ကျောင်းသူကျောင်းသားနှင့် ဆရာဆရာမ တစ်ဦးမျှ ထိခိုက်မှု မရှိခဲ့ဟု Xinhua သို့ အတည်
ပြု ပြောကြားခဲ့သည်။
မျက်မြင်တွေ့ရှိသူများက ကျောင်းဝင်းအတွင်းသို့ ဆေးရုံကားနှင့် မီးသတ်ကား အများအပြား မောင်းဝင်သွား သည်ကို တွေ့ခဲ့ရကြောင်း ဆိုသည်။ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေဆဲ ဖြစ်ပြီး ငြမ်းစင်ပြို ကျသည့် နေရာကို ရှင်းလင်းရန်မှာမူ စက်ယန္တရား အကြီးစားများ လိုအပ်လိမ့်မည်ဟု ကယ်ဆယ်ရေး ဝန် ထမ်းတစ်ဦးက မှတ်ချက်ပြုထားသည်။
7day
Sign up here with your email
ConversionConversion EmoticonEmoticon