ဆစ်ဒနီမြို့က အသက် ၉ နှစ်အရွယ် ကလေးမလေးကို မိဘတွေက အိမ်ထောင်ပြုဖို့ အတွက် အရှေ့အ လယ်ပိုင်း နိုင်ငံတစ်ခုကို ပို့ဆောင်ထားတဲ့ အကြောင်း အမျိုးသမီး အဖွဲ့အစည်းတစ်ခုက အေဘီစီကို ပြောပြခဲ့ပါတယ်။
အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို လက်ထပ်ပေးဖို့ မိဘတွေက အရှေ့အလယ်ပိုင်းကို ပို့ဆောင် တဲ့အကြောင်းကို မနေ့က သိရှိရတာဖြစ်တယ်လို့ ရွှေ့ပြောင်းနေထိုင်လာသူ အမျိုးသမီးတွေရဲ့ ကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့က Dr Eman Sharobeem က ပြောပါတယ်။
အဲဒီ မိန်းကလေးငယ်က သြစတြေးလျနိုင်ငံသား ဖြစ်တယ်ဆိုတာကို သိရပြီး ဒီထက် အကြောင်းစုံ သိရ
အောင် စုံစမ်းနေတယ်လို့ ပြောပါတယ်။
အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး အဲဒီ မိန်းကလေးရဲ့ မိခင်နဲ့ စကားပြောဖို့ ကြိုးစားခဲ့ပေမယ့် အဲဒီ မိန်းကလေးကို အရှေ့အလယ်ပိုင်းကို ပို့ဆောင်ထားပြီလို့ သိခဲ့ရကြောင်း ပြောပါတယ်။
အသက် မပြည့်သေးတဲ့ ကလေးတွေကို အိမ်ထောင်ချတာဟာ ကြီးလေးတဲ့ ပြစ်မှု ဖြစ်တယ်လို့ နယူးဆောက်သ်ဝေးလ်ပြည်နယ်က အမျိုးသမီးရေးရာ ဝန်ကြီး Pru Goward က ပြောပါတယ်။
ကလေးတွေကို အတင်းအဓမ္မ အိမ်ထောင်ပြုဖို့အတွက် ပြည်ပကို ပို့ဆောင်တာဟာ တရားမဝင်ဘူးလို့ ပြောခဲ့ပါတယ်။
ဒီကနေ့မှာပဲ အသက်မပြည့်တဲ့ ကလေးငယ်တွေကို အတင်းအဓမ္မ အိမ်ထောင်ချပေးတာတွေ မလုပ်ဖို့ သြစတြေးလျ ရဲတွေက ပညာပေး စာစောင်တွေကို ဝေငှမှာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံမှာ နေထိုင်ကြတဲ့ တချို့ လူမျိုးတွေဟာ အသက် မပြည့်သေးတဲ့ ကလေးတွေကို အိမ်ထောင်ချပေးတဲ့ ဓလေ့ကို ကျင့်သုံးတဲ့အတွက် သြစတြေးလျ အစိုးရက ဖမ်းဆီးအရေးယူမှု လုပ်ခဲ့ရ တာတွေလည်း ရှိခဲ့ပါတယ်။
ABC Radio Australia
Sign up here with your email
ConversionConversion EmoticonEmoticon