သပိတ်ကျင်းမြို့နယ်မှာ ယာဉ် တိမ်းမှောက်၍ (၁၈)ဦးသေ၊ (၁၈)ဦးဒဏ်ရာရ

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီအချိန် မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊
ကျောက်ကြီးကျေးရွာအနီး၊ (၇)မိုင်- ဗန်းမော်ကားလမ်း၊ မိုင်တိုင်အမှတ်(၆/၇)နှင့် (၇/ဝ)ကြားတွင် (၇)မိုင်
ကျေးရွာမှ ဗန်းမော်ဘက်သို့ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဂွေးပင်ကုန်း ကျေးရွာနေ ခိုင်မင်းထွန်း
မောင်းနှင်ပြီး ကသာမြို့နယ်၊ လော်ကဆင်းကျေးရွာတွင် ကြံခုတ်လုပ်ငန်း လုပ်ကိုင်မည့် ခရီးသည်(၃၉)ဦး လိုက်ပါလာသော ရင/**** Skat ဖောယာဉ်သည် ကုန်းဆင်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲ ဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့သည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ဂွေးပင်ကုန်းကျေးရွာနေ ဇော်ဇော်
အောင် (၂၆)နှစ်ပါ ကျား ရ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်း(၁၈)ဦးတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ တွင်သေဆုံးသွားခဲ့ပြီး ရွှေဘိုမြို့၊ အမှတ်(၂) ရပ်ကွက်နေ မဝါဝါဝင်း(၃ဝ)နှစ်ပါ ကျား ရ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်း(၁၈)ဦးတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် သပိတ်ကျင်းပြည်သူ့ဆေးရုံနှင့် အမှတ်(၂ဝ) တပ်မတော်စစ်ဆေးရုံတို့သို့ တင်ပို့ကုသခဲ့ကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ သပိတ်ကျင်းမြို့မရဲစခန်း ယာဉ်(ပ)၆၁/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈/၃ဝ၄-က ဖြင့် အမှုဖွင့်အရေးယူထားကာ ထွက်ပြေးတိမ်း
ရှောင်နေသည့် ယာဉ်မောင်း ခိုင်မင်းထွန်းအား ဖမ်းဆီး ရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
Previous
Next Post »
Powered by Blogger.