ပြီးခဲ့တဲ့ ဇူလိုင်လက မလေးရှား နိုင်ငံကို ဇီဇာ အတုနဲ့ဝင်
ရောက်လာခဲ့လို့ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁ နှစ် ချမှတ်ခံ ထားရတဲ့ မြန်မာနိုင်ငံသား ၅၂ ယောက် ထဲက ၄၈ ယောက် ကို ကွာလာလမ်ပူမြို့က တရားရုံးတစ် ခုက ဒီကနေ့လွတ်ငြိမ်း ခွင့် ပေးလိုက်ပါတယ်။
ရောက်လာခဲ့လို့ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁ နှစ် ချမှတ်ခံ ထားရတဲ့ မြန်မာနိုင်ငံသား ၅၂ ယောက် ထဲက ၄၈ ယောက် ကို ကွာလာလမ်ပူမြို့က တရားရုံးတစ် ခုက ဒီကနေ့လွတ်ငြိမ်း ခွင့် ပေးလိုက်ပါတယ်။
မြန်မာသံရုံး အကူအညီနဲ့ ရှေ့နေငှားပြီး အယူခံ ဝင်ခဲ့ရာမှာ ကြားနာမှု ခံယူဖို့တရားရုံးကိုဒီကနေ့ ရောက် လာသူတွေကို လွတ်ငြိမ်းခွင့် ပေးလိုက်တာ ဖြစ်ပြီး သွားလာရ ခက်တဲ့ အကျဉ်းထောင်တွေမှာ ရောက်နေလို့ မလာနိုင်တဲ့ ကျန် မြန်မာနိုင်ငံသား ၄ ယောက်ကိုတော့ နောက်နေ့မှာ ဆက်လက် ကြားနာမယ်လို့ မလေး ရှားက မြန်မာ သံရုံး အရာရှိ တစ်ယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက အလုပ်သမား ၇၂ယောက်နဲ့ အေးဂျင့် ၃ယောက် ဖမ်းဆီးခံခဲ့ကြရပါတယ်။
အလုပ်သမားတွေထဲမှာ ဗီဇာ အစစ်ရှိသူ ၁၂ ယောက်အပြင် သက်ကြီးရွယ်အိုနဲ့ ကလေးတွေ အပါအဝင် လူ ၂၀ ကို စက်တင်ဘာလကတည်းက မြန်မာနိုင်ငံဆီ ပြန်ပို့ခဲ့ပြီး ဖြစ်ပါတယ်။
ဗီဇာတုနဲ့ အလုပ်သမားတွေကို ခေါ်လာတဲ့ အေးဂျင့်တွေကိုလည်း ရုံးတင် စစ်ဆေးနေတယ်လို့ သံရုံး အရာ ရှိက ဘီဘီစီကို ပြောပါတယ်။
BBC
Sign up here with your email
ConversionConversion EmoticonEmoticon