ဂျီရော့ဒ်မှာ အနီကတ်နှင့်ထိုက်တန်ဟု ၀င်းဂါးပြောကြား

ကျူပီအာနှင့် ကစားခဲ့သော ပွဲတွင် အိုလီဗာဂျီရော့ဒ်မှာ ထုတ်ပယ်ခံရမှုနှင့် ထိုက်တန် သည်ဟု အာစင်ဝင်းဂါး က ၀န်ခံပြောကြားသည်။ သို့သော် ၎င်းထုတ်ပယ်ခံရမှုအတွက် တိုက်စစ်မှူးဂျီရော့ဒ်က ပြန်လည်တောင်းပန် ခဲ့သည်ဟု အတည်ပြုခဲ့သည်။ ကျူပီအာကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲ ဒုတိယပိုင်းတွင် နီဒမ်အိုနူဟာ အား ခေါင်းဖြင့် တိုက်ခဲ့ခြင်းအတွက် ဂျီရော့ဒ် (၂၈) နှစ်မှာ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရသည်။

‘‘ဒါဟာ ထိုက်တန်တဲ့ အနီကတ်ပါ’’ ဟု အာဆင်နယ်မန်နေဂျာအဖြစ် ပွဲပေါင်း ၄၀၀ မြောက် အထိမ်းအမှတ် ကိုင်တွယ်ခဲ့သော ၀င်းဂါးက ပြောကြားသည်။ ‘‘ရူးသွပ်တယ်ဆိုတာ စကားလုံးနည်းနည်းပြင်းပါတယ်။ ဂျီရော့ဒ်က သူ့ကို သတ်လိုက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကို သွားထိလိုက်တယ်။ ဒါကို မလုပ်သင့်ပါဘူး’’ ဟု ၀င်းဂါးက ဆက်လက်ပြောသည်။

ဂျီရော့ဒ်သည် သုံးပွဲပယ်ပြစ်ဒဏ် ကျခံစဉ်အတွင်း ၀က်စ်ဟမ်းနှင့် ဆောက်သမ်တန်တို့နှင့် လိဂ်ပွဲများ လွဲချော်မည်ဖြစ်ကာ စတုတ်နှင့် အက်ဖ်အေဖလားပွဲလည်း လွဲချော်မည်ဖြစ်သည်။

7day
Previous
Next Post »
Powered by Blogger.