အရှေ့တောင်အာရှဈေးကွက်အတွင်းသို့အခြေချရောက်ရှိကမ္ဘာအနှံ့ ဖုန်းပေါင်း (၈) သန်းကျော်ကိုရောင်းချ ပြီးနောက် Zenfone series များကို မြန်မာနိုင်ငံတွင် စတင် ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း နည်းပညာကုမ္ပဏီ ကြီးတစ်ခုဖြစ်သည့် ASUS ကကြေညာလိုက်သည်။ မြန်မာနိုင်ငံသည် ASUS တရားဝင်ဖြန့်ချိရောင်းချ လျက် ရှိသည့်နိုင်ငံများထဲမှ (၁၇) ခုမြောက်နိုင်ငံဖြစ်သည်။ သုံးစွဲသူစိတ်ကြိုက် ပြေပြစ်ချောမွေ့သည့်နည်းပညာ၊ လှပထူးခြားသည့် ဒီဇိုင်းနှင့် သင့်လျော်သော ဈေးနှုန်းများဖြင့် Zenfone ကိုရရှိနိုင်ပြီဖြစ်သည်။
စတင်မိတ်ဆက်ရောင်းချခဲ့သည့် မေလမှစပြီး Zenfone သည် အရှေ့တောင်အာရှဒေသအတွင်း တိုးတက်မှု အမြန်ဆုံး smartphone အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး၊ online ပေါ်တွင် လူကြိုက် အများဆုံး smartphone တစ်ခုဖြစ်ပါသည်။
အကောင်းဆုံး ဇိမ်ခံပစ္စည်းတွေကို လူတိုင်းသုံးနိုင်ပြီ
“အခုလိုအကောင်းဆုံးဇိမ်ခံပစ္စည်းတစ်ခုကိုမြန်မာပြည်သူတွေအားလုံးသုံးစွဲနိုင်အောင်ယူဆောင်လာပေး နိုင်တဲ့အတွက် အထူးပဲဝမ်းသာမိပါတယ်။ အဆင့်မြင့်ဆုံးနည်းပညာတွေကို သုံးစွဲနိုင်မယ့် အခွင့်အရေးဟာ လူတိုင်းမှာရှိ သင့်တယ်လို့ ကျွန်တော်အပြည့်အ၀ ယုံကြည်ထားပါတယ်။ အကောင်းဆုံး နည်းပညာတွေကို လူတိုင်း သုံးစွဲနိုင်ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ဦးတည်ချက် အကောင်အထည် ပေါ်လာပြီဆိုတာကို Zenfone ကအ
ကောင်းဆုံး သက်သေခံ ဖော်ပြလျက်ရှိပါတယ်။ ” ဟု ASUS ၏ အင်ဒီချိုင်းနား ဒေသတွင်း မန်နေဂျာ
Jeff Lo ပြောကြားသည်။
စွမ်းအင်မြင့် Intel processor
Zenfone သည် (၄) လက်မမှ (၆) လက်မအထိ အရွယ်အစားအမျိုးမျိုးပါဝင်ပြီး အရောင်များလည်းမြောက် များစွာ ပါဝင်သည်။ Zenfone သည် ဖျော်ဖြေရေး ဆိုင်ရာသုံးစွဲမှုများနှင့် လုပ်ဆောင်မှုများစွာကို တစ်ချိန် တည်း လုပ်ဆောင်နိုင် ရန်အတွက် high-performance Intel® Atom™ processors ပါဝင်သည်။ သုံးစွဲ သူများအနေဖြင့် စောင့်ဆိုင်းနေရခြင်း မရှိဘဲ စိတ်တိုင်းကျ ဂိမ်းဆော့ ကစားနိုင်ပြီး Android ပစ္စည်းများ ထဲ တွင် အကောင်းဆုံးဖြစ်သည့် 60ms touch တုံ့ပြန်မှု အားရှိသော Internet အသုံးပြုမှုကိုလည်း ရရှိမည်ဖြစ် သည်။
Smartphone တစ်ခုဖြင့် ကင်မရာဖြင့်ရိုက်ကူးထားသကဲ့သို့ ပုံကောင်းများရိုက်ကူးခြင်း
Zenfone တွင် ကြည်လင်ပြတ်သားတောက်ပသော ဓာတ်ပုံများနှင့်ဗီဒီယိုများ ရိုက်ကူးနိုင်သော ASUS PixelMaster ကင်မရာနည်းပညာပါဝင် အသုံးပြု ထားသည်။ အမှောင်ထဲတွင်ဖြစ်စေကာမူ Zenfone 5 နှင့် 6 တို့သည် Light sensitivity ကို ၄၀၀% အထိနှင့် Contrast (ပြတ်သားမှု) ကို ၂၀၀% အထိ အထူးမြှင့် တင်ပေးနိုင်သော Low-light Mode ပါဝင်သောကြောင့် flash မလိုဘဲ တောက်ပသော ပုံရိပ်များကိုရရှိနိုင် ပါသည်။ ထို့အပြင် shooting mode ပေါင်း (၁၈) ခုနှင့် filter effect ပေါင်း (၁၀) ခုပါဝင်သည်။
သုံးစွဲရလွယ်ကူခြင်း၊ သုံးစွဲသူစိတ်ကြိုက်ဖြစ်ခြင်း၊ လှပသေသပ်ခြင်း
Zenfone တိုင်းတွင် နောက်ဆုံးပေါ် Android 4.4 KitKat အပြင်၊ ASUS-exclusive ZenUl ဖြင့်လှပစွာ ဒီဇိုင်းဆင်ထားသော interface ပါဝင်သည်။ သုံးစွဲသူများ၏ တစ်ကိုယ်ရည်အချက်အလက်များကို ထိန်း သိမ်းပေးခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများကို ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်အောင် ကူညီပေးခြင်း စသည်တို့ကိုဆောင်ရွက်နိုင်မည့် “what’s next” နှင့် “do it later” အစရှိသော သုံးစွဲသူအကြိုက်တွေ့
စေမည့် application များပါဝင်သည်။
ပစ္စည်း (၁) ခုတည်းတွင် Tablet နှင့် Phone နှစ်မျိုးလုံး အသုံးပြုနိုင်ခြင်း
ကျယ်ပြန့်သော မျက်နှာပြင်ကိုနှစ်ခြိုက်သူများအတွက် အရောင်းမြင့်တက် လျက်ရှိသော (၇) လက်မနှင့် (၈) လက်မ နှစ်မျိုးနှစ်စားရွေးချယ်နိုင်သည့် ASUS Fonepad Series သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ် သည်။ နောက်ဆုံးပေါ် Intel® Atom™ Moorefield quad core processors ကိုပါဝင်အားဖြည့် အသုံးပြု ထားခြင်းကြောင့် Fonepad series တွင် tablet တစ်ခုကဲ့သို့ အရည်အသွေးမြင့် ဖျော်ဖြေရေးဆိုင်ရာ လုပ်
ဆောင်ချက်များကို ပြုလုပ်နိုင်မည်ဖြစ်သည်။ ဖုန်းတစ်ခုတည်းတွင် SIM ကတ်နှစ်မျိုးကို အသုံးပြုနိုင်ကာ အ လွန်ပေါ့ပါးပြီး ပါးလွှာသော အနားကွပ်ဒီဇိုင်းကြောင့် လက်တစ်ဖက်တည်းနှင့် ကိုင်တွယ်အသုံးပြုနိုင်သည်။
Zenfone Specification
Zenfone 4
(၉၉) အမေရိကန်ဒေါ်လာ
Display မျက်နှာပြင်အကျယ် (၄) လက်မ
Hyper-threading technology အသုံးပြုထားသော Intel® Atom™ dual core processors Z2520 1.2 GHz
5-megapixel ပါဝင်သော PixelMaster ကင်မရာ
1GB Ram + 8GB Storage
အနက်ရောင် (Charcoal Black)၊ အဖြူရောင် (Pearl White)၊ အနီရောင် (Cherry Red)၊ အပြာရောင် (Sky Blue) နှင့် အ၀ါရောင် (Solar Yellow) တို့ရရှိနိုင်
Android 4.3 ပါဝင်ပြီး 4.4 ထိ upgrade လုပ်နိုင်ကာ Asus exclusive ZenUI လည်းပါဝင်
Zenfone 5
(၁၅၉) အမေရိကန်ဒေါ်လာ
Display မျက်နှာပြင်အကျယ် HD IPS (၅) လက်မ
Hyper-threading technology အသုံးပြုထားသော Intel® Atom™ dual core processors Z2520 1.2 GHz
အနက်ရောင် (Charcoal Black)၊ အဖြူရောင် (Pearl White)၊ အနီရောင် (Cherry Red) တို့ရရှိနိုင်
8-megapixel ပါဝင်သော PixelMaster ကင်မရာ
1GB Ram + 8GB Storage
Android 4.4 Kitkat နှင့် Asus exclusive ZenUI
Zenfone 6
(၂၄၉) အမေရိကန်ဒေါ်လာ
Display မျက်နှာပြင်အကျယ် HD IPS (၆) လက်မ
Hyper-threading technology အသုံးပြုထားသော Intel® Atom™ dual core processors Z2560 1.6 GHz
13-megapixel ပါဝင်သော PixelMaster ကင်မရာ
2GB Ram + 16GB Storage
အနက်ရောင် (Charcoal Black)၊ အဖြူရောင် (Pearl White)၊ အနီရောင် (Cherry Red)၊ ရွှေရောင် (Champagne Gold) တို့ရရှိနိုင်
Android 4.3 ပါဝင်ပြီး 4.4 ထိ upgrade လုပ်နိုင်ကာ Asus exclusive ZenUI ပါဝင်ပါသည်၊
yangon media group
Sign up here with your email
ConversionConversion EmoticonEmoticon