ထိုင်းရဲတပ်ဖွဲ့သည် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး အဆိုပါကျွန်းရှိ ဘားဆိုင်ပိုင် ရှင်သားကို အောက် တိုဘာ ၃၀ ရက်က DNA စစ်ဆေးရာ အဖြေ သည် ဟန်နာ၏ ကိုယ်ပေါ်တွင် တွေ့ရသော DNA နှင့် ကိုက် ညီမှု မရှိကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
AC Bar သူဌေးသားအား DNA စစ်ဆေးမှုကို ဘန်ကောက်မြို့ရှိ ဆေးရုံလေးခုတွင် စစ်ဆေးရာ အထွေထွေ
ဆေးရုံကြီး၏စစ် ဆေးမှုအဖြေသာထွက်ပေါ်လာ ခြင်းဖြစ်သည်။ အခြားစစ်ဆေး သော ချူလာလောင်ကွန်း
အောက် မေ့ဖွယ်ဆေးရုံ၊ သီရီရာ့ခ်ျဆေးရုံ နှင့် ရာမထိဘိုဒီးဆေးရုံတို့မှ DNA အဖြေသည် အောက်တိုဘာ ၃၁ ရက် ညနေထိ ထွက်ပေါ်လာခြင်းမရှိသေးပေ။
လိပ်ကျွန်းရှိ AC Bar ပိုင်ရှင် သားသည် ယခင်က DNA စစ် ဆေးရန် ထိုင်းရဲတပ်ဖွဲ့က နှစ် ကြိမ်ခေါ်ဆောင် ရာ လာရောက် စစ်ဆေးခံခြင်းမရှိခဲ့ဘဲ အောက် တိုဘာ ၃၀ ရက်မှသာ လာရောက် စစ်ဆေးခံခဲ့ခြင်းဖြစ် သည်။
ထိုင်းရဲတပ်ဖွဲ့သည် ဇော်လင်း၏ ဆီးနှင့် ၀င်းဇော်ထွန်း၏ တံတွေးနှင့် ဆီးကို DNA စစ်ဆေး ခဲ့ရာ ဟန်နာ၏ ကိုယ်ပေါ်တွင် တွေ့ရသော DNA နှင့် ကိုက်ညီ သည်ဟု ထုတ်ပြန်ထားသည်။ ထိုင်းရဲတပ်ဖွဲ့သည်လိပ်ကျွန်း
လူသတ်မှုဖြစ်စဉ်တွင် မြန်မာလုပ် သားနှစ်ဦးအား တရားခံဟု စွပ်စွဲ ထားရာ DNA တူညီသည့် အချက်သာ သက်သေအဖြစ်ရရှိထားပြီး အခြားမျက်မြင်သက်သေ အပါအ၀င် လူသတ်မှုကျူးလွန်ကြောင်း ခိုင်လုံသော အချက်အလက်များရရှိထားခြင်းမရှိပေ။
ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာလုပ်သားနှစ်ဦးသည် လူ သတ်တရားခံများဖြစ်ပြီး ၎င်းတို့ ၏ DNA ကို ပြန် လည်စစ်ဆေး လိုပါက စစ်ဆေးနိုင်ကြောင်း မီဒီ ယာများအား အောက်တိုဘာ ၃၀ ရက်က ပြောခဲ့သည်။
တစ်ချိန်တည်းမှာပင် မြန်မာသံရုံးအထူးအဖွဲ့သည် ကော့စမွီကျွန်းရှိ ထောင်တွင်ဖမ်းဆီးခံထားရသော မြန်မာ လုပ်သား နှစ်ဦးထံ အောက်တိုဘာ ၃၁ ရက်က ထပ်မံ သွားရောက်တွေ့ဆုံမေး မြန်းရာ ပထမအကြိမ်များကဲ့ သို့ ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးကဗြိတိန်စုံတွဲအား ၎င်းတို့သတ်ဖြတ် ခြင်းမဟုတ်ကြောင်း၊ ထိုင်းရဲတပ် ဖွဲ့ က ၀န်ခံခိုင်းသောကြောင့်သာ ၀န်ခံလိုက်ခြင်းဖြစ်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့သို့ ထပ်မံပြော ကြားသည်။
မြန်မာသံရုံးအထူးအဖွဲ့နှင့် ၎င်းတို့၏ မိဘများသည် အောက် တိုဘာ ၂၄ ရက်က ဖမ်းဆီးခံ မြန်မာလုပ်သား
နှစ်ဦးနှင့် သွား ရောက်တွေ့ဆုံမေးမြန်းရာတွင် လည်း လူသတ်တရားခံမှာ ၎င်း တို့မဟုတ်ကြောင်း ပြောဆို ထားသည်။ အောက်တိုဘာ ၃၁ ရက်ကသွားရောက်တွေ့ဆုံမေးမြန်းရာ တွင် မြန်မာလုပ်သားနှစ်ဦး၏ မိဘ များ လိုက်ပါသွားခြင်းမရှိဘဲ မြန်မာသံရုံးအထူးအဖွဲ့သာ သွား ရောက်တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ် သည်။
‘‘ဒီနေ့လည်းတစ်ခါသွားမေး တော့ သူတို့မဟုတ်ဘူးလို့ဖြေ တယ်။ ဒီလူသတ်မှုမှာ သူတို့ဘာ မှမသိဘူးလို့
ပြောတယ်။ နောက် ပြီးသရုပ်ပြဖြစ်စဉ်လုပ်တုန်းက လည်း သူတို့ခိုင်းသလိုလုပ်ခဲ့ရ တာလို့ပြောတယ်’’ဟု
အောက်တိုဘာ ၃၁ ရက်က ကော့ စမွီထောင်တွင် မြန်မာလုပ်သားနှစ်ဦးနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ သူ မြန်မာသံရုံးအထူးအဖွဲ့မှ ဦးမိုးဝေကပြောသည်။
‘‘ထူးခြားတာတစ်ခုက ၀င်း ဇော်ထွန်းနဲ့ ဇော်လင်းက အဲဒီည က မာယာစားသောက်ဆိုင်ရှေ့မှာ ရေချိုးနေ တုန်းဝင်းဇော်ထွန်းရဲ့ဂစ်တာနဲ့ အင်္ကျီပျောက်နေတာပဲ။ အဲဒါပျောက်သွားတယ်လို့ ဒီနေ့ ထပ်ပြောတယ်။ ၁၅ ရက်နေ့မှာ လူသတ်မှုဖြစ်တယ်။ နောက်ပြီး ကလေးတွေက ၃၁ ရက်ထိ အဲဒီ မှာ အလုပ်ဆက်လုပ်နေတုန်း ပဲဆို တော့ ကလေးတွေ လူသတ်တယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး’’ဟု မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်ကပြောသည်။
ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏ အမှုတွဲကို ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးမှ သံအမတ် ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံ ရှေ့နေများကောင်စီထံ အောက် တိုဘာ ၂၉ ရက်က အမှုတွဲအပ်နှံခဲ့သည်။ မြန်မာလုပ်သား နှစ်ဦး ၏ အမှုကို ထိုင်းနိုင်ငံရှေ့နေများကောင်စီနှင့် ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့က မြန်မာလုပ်သားနှစ် ဦးဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ငြိမ်းချမ်း | 7day
Sign up here with your email
ConversionConversion EmoticonEmoticon