အဆင့်မြင့်ပညာရေးဥပဒေမူကြမ်းကို ဒီဇင်ဘာတွင် တက္ကသိုလ်ကျောင်းသားများအား ရှင်းလင်းမည်

ပညာရေးဝန်ကြီးဌာန က ရေးဆွဲထားသော အဆင့်
မြင့် ပညာရေးဥပဒေကြမ်းကို လာမည့် ဒီဇင်ဘာ
ကျောင်းဖွင့်ချိန်တွင် ကျောင်းသားများအား ချပြရှင်း လင်းသွားမည်ဖြစ်ကြောင်း တက္က သိုလ်ပါမောက္ခ ချုပ်တစ်ဦး က ပြောကြားသည်။

အဆင့်မြင့်ပညာရေးဥပဒေ ကြမ်းကို ဆရာ၊ ဆရာမ များနှင့် ပညာရေးဝန်ထမ်းများအား ရှင်းလင်းပြသ ထား ပြီးဖြစ်ကာ တက္ကသိုလ်ကျောင်းသားများအား ရှင်း လင်းရန်ကျန်ရှိနေသေးကြောင်း ၎င်းကဆို သည်။

‘‘ဆရာ၊ ဆရာမတွေနဲ့ ၀န် ထမ်းတွေကို ပြပြီးပါပြီ။
ကျောင်း သားတွေပဲ ကျန်ပါတော့တယ်။ ကျွန်တော်တို့ တက္ကသိုလ်တွေမှာ တက္ကသိုလ်ပဋိဉာဉ်လည်း ရေး ဆွဲ ပြီးပါပြီ’’ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆင့်မြင့်ပညာရေးဥပဒေ မူကြမ်းတွင် တက္ကသိုလ်များကို အမျိုးသားတက္ကသိုလ်များ၊ ဒေသ အလိုက်တက္က သိုလ်များ၊ သီးခြား ရပ်တည်နိုင်သော နိုင်ငံပိုင်တက္က သိုလ်များ၊ ထူးခြားသော လုပ်ငန်း သဘာဝအရ အစိုးရ အဖွဲ့၏ သီး ခြားခွင့်ပြုချက်ဖြင့် သာသနာရေး ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ က ထူထောင်ဖွင့်လှစ်ထားသည့် အဆင့်မြင့်ပညာသင်ကျောင်း များ ဟူ၍ အမျိုးအစားသတ်မှတ် ထားသည်။ အသွင်ကူးပြောင်းရေး ကာလတွင် တက္ကသိုလ်ဝန်ထမ်း များ
ပြောင်းရွေ့တာဝန်ထမ်း ဆောင်ခွင့်နှင့် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်ရပ်တည်ခွင့်အချက် တို့သည် အဆင့်မြင့်ပညာရေးဥပ ဒေကြမ်းတွင် အကျေအလည် ဆွေးနွေးအဖြေရှာနေရသော အချက်များဖြစ်
ကြောင်းသိရသည်။

အမျိုးသားပညာရေးဥပဒေ အတည်ပြု ပြဋ္ဌာန်းလိုက်ပြီး နောက် ယခုအခါနည်းဥပဒေ၊ အဆင့်မြင့်ပညာရေး ဥပဒေ၊ ဆရာအတတ်သင်ပညာဥပဒေ၊ အခြေခံပညာဥပဒေတို့ကို မူ ကြမ်းရေးဆွဲဆောင်ရွက်လျက်ရှိ ပြီး အများပြည်သူကိုချပြသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောထာား သည်။

လက်ရှိအချိန်တွင် တက္က သိုလ်ကျောင်းသားများသည် အမျိုးသားပညာရေးဥပဒေကို ကျောင်းသားသမဂ္ဂ များတည် ထောင်ဖွဲ့စည်းခွင့်ကို ထည့်သွင်း ပြဋ္ဌာန်းထားမှုမရှိခြင်း၊ အစိုးရ အုပ်ချုပ်ရေးပိုင်းအား ပါဝင်ထိန်း ချုပ်ခွင့်ပေးထားခြင်းစသည့် အ ကြောင်းပြချက်များဖြင့် သပိတ် မှောက်ဆန့်ကျင်ထားသည်။

နေလင်းထွန်း | 7day


Previous
Next Post »
Powered by Blogger.