ကမ္ဘာကြီးဟာ ပိုပြီး လွန်ကဲတဲ့ ရာသီဥတုနဲ့ ဆက်လက် ရင်ဆိုင်နေရဦးမယ်

ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာကြီးဟာ တားဆီးလို့မရတဲ့ ပူနွေးမှု ကြောင့် ပိုပြီး လွန်ကဲတဲ့ ရာသီဥ တုနဲ့ ဆက်လက် ရင်ဆိုင်နေရဦး မယ်လို့ သိရပါတယ်။ ရာသီဥတု ပြောင်းလဲမှု တွေဟာ ရှောင်လွှဲလို့မရတဲ့ ဓါတ်အားပေးရုံတွေ ၊ စက်ရုံတွေနဲ့ ကားတွေက ထုတ်လွှတ်မှုတွေကြောင့်ပဲ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

“Turn down the Heat Confronting the New Climate Normal” လို့ အမည်ပေးထားတဲ့ ထုတ်ပြန်ချက် အရ ကမ္ဘာကြီးရဲ့ ပျမ်းမျှ အပူချိန်ဟာ ၂၀၅၀ ခုနှစ်မှာ 1.5°C (2.7°F) အထိ မြင့်တက်လာနိုင်တယ်လို့ သိရ ပါတယ်။ ပင်လယ်ရေ မျက်နှာပြင်ဟာလည်း Greenland နဲ့ အန္တာတိက ဘက်က ရေခဲတောင်တွေ တဖြည်းဖြည်း အရည်ပျော်ကျလာမှုကြောင့် ဆက်လက် မြင့်တက်နေတယ်လို့ သိရပါတယ်။

လက်ရှိ အပူချိန်အတိုင်းသာ ဆက်လက်ရှိနေပါက နောက် နှစ် ၂၀၀၀ အတွင်း ပင်လယ်ရေ မျက်နှာပြင် ဟာ ၇ ပေ နဲ့ ၆ လက်မ (၂.၃ မီတာ) အထိ မြင့်တက်လာနိုင်ပါတယ်။ ကမ္ဘာ့ အပူချိန် ဟာလည်း စက်ရုံ
တော်လှန်ရေး( Industrial Revolution) မှာ 0.8°C (1.4°F) သာရှိခဲ့ရာမှ မြန်ဆန်စွာ မြင့်တက်လာခြင်းဖြစ် တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

Trend Myanmar

Previous
Next Post »
Powered by Blogger.