ပြည်တွင်းခရီးသွားလာသူ များအတွက် ချင်းပြည်နယ်ရှိ နယ် မြေအချို့ကို ပြည်တွင်းခရီးသွား ကုမ္ပဏီ Tango Tour & Trek က ခရီးစဉ်ရေးဆွဲပြီး နိုဝင်ဘာ ၂၁ ရက်တွင် စတင်ပို့ဆောင်ခဲ့ ကြောင်း သိရသည်။
‘‘အဓိကရည်ရွယ်ချက်က သဘာဝအခြေခံခရီးသွားလည်း ဖြစ်တယ်။ နယ်မြေဖွံ့ဖြိုးတိုးတက် စေရေးနဲ့ ပြီး
တော့ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးအတွက် အသိရစေရန်အတွက်ပါ’’ ဟု Tango Tour & Trek ခရီးသွား လုပ်ငန်း တာဝန်ရှိသူ မခေါင်ခေါင်က ပြောသည်။
အဆိုပါခရီးသွားကုမ္ပဏီ သည် ချင်းပြည်နယ်ခရီးစဉ်တွင် နတ်မတောင် (ခေါ်) ဝိတိုရိယ တောင်တက်ခရီး စဉ်နှင့် အမျိုး သားဥယျာဉ်လေ့လာရေး၊ ချင်းလူ မျိုးတို့၏ ဓလေ့စရိုက်များနှင့် ပါးရဲထိုးခြင်းဓလေ့တို့ လေ့ လာနိုင် ရန် ချင်းရွာများ၊ ပုံတောင်ပုံညာ ဆောမြို့တို့ကို အဓိကထားပြီး လေးညအိပ် ငါးရက်ခရီးစဉ် ပြေး ဆွဲပို့ဆောင်ပေးသည်။
ပြည်တွင်းခရီးသွားများကို အဓိကထားပို့ဆောင်ပေးသောခရီးစဉ်ဖြစ်ပြီးတစ်ဦးလျှင်ကျပ်တစ်သိန်းရှစ်
သောင်းဖြင့် ပို့ ဆောင်ပေးကြောင်းသိရသည်။
‘‘လက်ရှိတော့ ဟိုတယ်တွေ ဘာတွေရှိတဲ့ နတ်မတောင်ဘက် အရင်ပြေးဆွဲတာပေါ့။ ခရီးစဉ်က လူစိတ်ဝင် စားတော့ အပတ်စဉ် ပြေးဖို့ရှိပါတယ်။ နောက်ပိုင်းမှာ ရိဒ်ရေကန်ဘက်ကိုလည်း ခရီးစဉ် ပြေးဆွဲဖို့ရှိပါတယ်’’ ဟု မခေါင် ခေါင်က ပြောသည်။
ယင်းသို့ ပြည်တွင်းခရီးသည် များကို ပို့ဆောင်ပေးပြီး ချင်းပြည် နယ်ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက် ရန်
ဆောင်ရွက်ခြင်းမှာ ကောင်း မွန်သောအချက်ဖြစ်ပြီး လက်ရှိ တွင် နိုင်ငံခြားသားဧည့်သည်များ ကို ပို့ဆောင်မှုများရှိနေသော် လည်း နည်းပါးနေသေးကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ယခုနှစ်တွင် ပြည် - အ ကောက်တောင်၊ တောင်ငူ-သံ တောင်၊ မွန်ပြည်နယ်-ဇင်း ကျိုက်ခရီးစဉ်တို့ကို ခရီးသည် စိတ်ဝင်စားမှုများသည်ဟု ပြည်တွင်းခရီးသွားလုပ်ငန်းများမှ သိရသည်။
ခန့်ထက် | 7day
Sign up here with your email
ConversionConversion EmoticonEmoticon