''ကျွန်တော်တို့ ဒီနှစ်အတွက် ဘတ် ဂျက်တောင်းထားတာ အပြည့်အဝ ရရှိခဲ့ပါ တယ်။ အဲဒါကြောင့် ဒီလိုမျိုး လဲလှယ်တပ် ဆင်မှာပါ။ မကောင်းတဲ့ လျှပ်စစ်ဓာတ်ကြိုး တွေ၊ ဟောင်းနွမ်းနေတဲ့လျှပ်စစ်ဓာတ်ကြိုး တွေ အားလုံးကို လဲလှယ်သွားမှာပါ''ဟု လျှပ် စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
ယခင်နှစ်များတွင် ဘတ်ဂျက်တောင်း ခံရာ၌ အပြည့်အဝမရရှိခဲ့၍ ဤကဲ့သို့မလုပ် ဆောင်နိုင်ခဲ့ခြင်းဖြစ်
ကြောင်းသိရသည်။''ဒီနှစ်က အရင်နှစ်တွေလို မဟုတ်ပါ ဘူး။ ဘတ်ဂျက်က တောင်းသလောက်ရခဲ့ ပါ တယ်။ ဒါကြောင့်လဲ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ လဲလှယ်တပ်ဆင်သွားမှာပါ''ဟု ယင်းက ထပ်ပြော သည်။
ယင်းကဲ့သို့ လဲလှယ်ခြင်းသည် ကောင်း မွန်ပြီး နောက်ပိုင်းတွင် အန္တရာယ်ကင်းရှင်း လာမည်ထင်ကြောင်း
ပြည်သူတစ်ဦးကပြော သည်။''ဒီလို လဲလှယ်လိုက်မယ်ဆိုရင်တော့ ကောင်းသွားမယ်လို့ ထင်ပါတယ်။ မကြာခင် တုန်းကလဲ ဓာတ်ကြိုးပြတ်ကျတာတွေ ဖြစ်ခဲ့ တယ်လေ။ နောက်ပိုင်းဆိုရင်တော့ အန္တ ရာယ် ကင်းရှင်းလာမယ်ထင်ပါတယ်''ဟု ယင်းက ဆက်ပြောသည်။
ယင်းကဲ့သို့ ပြုလုပ်ရခြင်းသည် လျှပ် စစ်အန္တရာယ်အား ကင်းရှင်းစေလို၍ လျှပ် စစ်ဓာတ်ကြိုးများအား အသစ်လဲလှယ် တပ် ဆင်ရခြင်းဖြစ်ကြောင်း သိရသည်။
အာကာထက် | Yangon Media Group
Sign up here with your email
ConversionConversion EmoticonEmoticon