သာဓုကန်စက်မှုဇုန် အကောင်အထည်ဖော်ရာတွင် နစ်နာသူများအတွက် ကရုဏာကြေး တစ်ဧက ကျပ် ၂၂ သိန်း အပြည့်အ၀ မပေးခြင်းနှင့် မြေယာလျော်ကြေးရရှိရေး ဆောင်ရွက်ပေးရန် သာဓုကန် စက်မှုဇုန်လယ် သမားများ တောင်းဆို

သာဓုကန်စက်မှုဇုန် အကောင်အထည် ဖော်ဆောင်ခဲ့ ရာတွင်မြေယာလျော်ကြေး ရရှိမှုမရှိခြင်းနှင့် နစ်နာသူ များအတွက် ပေးအပ်သည့်ကရုဏာကြေး တစ်ဧက လျှင်ကျပ်၂၂သိန်းအားအပြည့်အ၀ပေးအပ်မှု မြေရှိ
ခြင်းနှင့်မြေယာလျော်ကြေးရရှိရေး ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လယ်ယာမ စုံစမ်း စစ်ဆေးရေး အဖွဲ့- ၁ (ရန်ကုန်မြို့)၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန် များ စီမံခန့်ခွဲရေးကော်မတီ စသည့်တာဝန်ရှိသူများထံ တင်ပြတောင်းဆိုထားကြောင်း သာဓုကန်စက်မှုဇုန် လယ် သမားခေါင်းဆောင် ဦးတင်ဝင်းက ပြောကြားသည်။

သာဓုကန်စက်မှုဇုန်ကို ၁၉၈၉ ခုနှစ်တွင် လယ်သမား ၆၈ ဦးထံမှ မြေဧက ၅၄၀ အား မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက သိမ်းယူ၍ စက်မှုဇုန်အဖြစ် အကောင်အထည် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး လျော်
ကြေးနှင့်နစ်နာကြေး ပေးအပ်မှုမရှိခဲ့ကြောင်း ဦးတင်ဝင်းက ပြောကြားသည်။

ဒေသခံများ၏ နစ်နာမှုအပေါ် တောင်းဆိုခဲ့မှုကြောင့် လယ်သမားများက ကာလပေါက်ဈေးနှင့်အညီ လျော်
ကြေးငွေရယူလိုကြောင်း တင်ပြခဲ့ရာ လယ်ယာမြေစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ညှိနှိုင်းပေးမှုအရ ကရုဏာ
ကြေးများ ပေးအပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီး တစ်ဧကလျင် ကျပ် ၂၂ သိန်းဖြင့် ပေးအပ်မည်ဟု သာဓု ကန်စက်မှုဇုန် ကရုဏာကြေးပေးရေးအဖွဲ့ တာဝန်ခံ ဦးစိုးမြင့်က တာဝန်ရှိသူများရှေ့တွင် ကတိပေးပြော ကြားခဲ့သည်။ ထိုသို့ ကတိပေးခဲ့သော်လည်း ကရုဏာကြေးများ အပြည့်အ၀ မရရှိမှုမှာ တစ်နှစ်နှင့် ရှစ်လ
ကျော်အထိ ကြာမြင့်နေပြီဖြစ်ကြောင်းနှင့် လျော်ကြေးမရရှိသူများမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရ
ကြောင်း လယ်သိမ်းခံ လယ်သမားတစ်ဦးက ပြောကြားသည်။

“သူတို့က စက်ရုံမတည်ဆောက်ဘဲ သိန်း ၇၀၀၀၊ ၈၀၀၀ နဲ့ ရောင်းစားနေတယ်။ အရေးယူမယ်ဆိုရင်လည်း စည်းကမ်းပျက်သူတွေဖြစ်နေလို့ တကယ်အရေးယူသင့်နေပါပြီ” ဟု သာဓုကန်စက်မှုဇုန်လယ်သမားခေါင်း
ဆောင်တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် သာဓုကန်စက်မှုဇုန်၏ လမ်းမပေါ်ရှိ မြေကွက်များသည်ပင် အဆောက်အအုံတည်
ဆောက်လည်ပတ်မှု နည်းပါးနေပြီး မြေကွက်လွတ်များသာ ဖြစ်ပေါ်နေကြောင်း ထို့ကြောင့် အဆိုပါအ
ကောင်အထည်ဖော်ဆောင်မှုမရှိသည့် မြေကွက်လွတ်များအား နိုင်ငံတော်က ပြန်လည်သိမ်းယူ၍ တည်ဆဲ ဥပဒေများနှင့်အညီ ဖြေရှင်းပေးစေလိုကြောင်း သာဓုကန်စက်မှုဇုန် လယ်သမားခေါင်းဆောင်များက သက် ဆိုင်ရာသို့ တင်ပြသည့်စာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ခုမှ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသေးသော စက်မှုမြေကွက် လွတ် ၂၃၃၉ ကွက်နှင့် ဂိုဒေါင် ၁၂၉၉ လုံးရှိနေပြီး ဧရိယာအားဖြင့် ၄၄၁၈ ဧကကျော်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည့် စက်မှုမြေကွက်လွတ် ၂၃၀၀ ကျော်နှင့် ဂိုဒေါင် ၁၂၀၀ ကျော် နိုင်ငံတော်သို့ ပြန်အပ်ရမည်ဟု ကြေညာထားကြောင်း သိရသည်။ ယင်းကဲ့သို့ လုပ် ငန်းလုပ်ကိုင်ခြင်း မရှိသေးသည့် စက်မှုမြေကွက်လွတ်နှင့် ဂိုဒေါင်များကို ပိုင်ဆိုင်ထားသူများမှာ ဆောင် ရွက်မည့်လုပ်ငန်း အမျိုးအစား၊ တည်ဆောက်ရေးကာလ၊ စီးပွားဖြစ် စတင်လည်ပတ်နိုင်မည့်ရက်
၊ ငွေကြေးရင်းနှီးမြှုပ်နှံမှု စသည်တို့ပါဝင်သည့် အသေးစိတ် အချက်အလက်များကို ဒီဇင်ဘာ ၁ ရက် နောက် ဆုံးထား၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုဇုန်များ စီမံခန့်ခွဲရေးကော်မတီမှ ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။ ထိုသို့ ထုတ်ပြန်ထားသော်လည်း မြေကွက်လွတ်ပိုင်ရှင်များက လုပ်ငန်းစီမံကိန်း တင်ပြမှုမှာ လက်ရှိအချိန်ထိ နည်းပါးနေကြောင်း သိရသည်။

လယ်သမားများ၏ တင်ပြချက်နှင့် ပတ်သက်၍ သာဓုကန်စက်မှုဇုန် ဒုဥက္ကဋ္ဌက အဆိုပါ သာဓုကန်စီမံကိန်း မှာ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် အခြားကုမ္ပဏီတစ်ခုတို့ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည့် အတွက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် အကောင်အထည်ဖော်ဆောင်သည့် ကုမ္ပဏီတွင်သာ တာ ၀န်ရှိကြောင်း ပြောကြားသည်။

ဖြိုးဝေ | EMG

Previous
Next Post »
Powered by Blogger.