ဒိုင်လူကြီးမျက်နှာကို ဘောလုံးဖြင့်ကန်သည့် ဆွစ်ကစားသမားတစ်ဦး ကစားခွင့် နှစ် ၅၀ ကြာ ပိတ်ပင်ခံရ


ဆွစ်ဇာလန် အပျော်တမ်း လိဂ်ပြိုင်ပွဲတစ်ခုဖြစ်သည့် ဘန်းလိဂ်မှပေါ်တူဂီဘောလုံးအသင်းသားတစ်ဦးသည် ဒိုင်လူကြီးကို ဘောလုံးနှင့်ပိတ်ကန်ခဲ့မှုဖြင့် ဘောလုံးလောကမှ နှစ် ၅၀ ပိတ်ပင်ခြင်းခံခဲ့ရသည်။

ရီကာဒိုဖရိုင်းရားဟုခေါ်သည့် ထိုဘောလုံးသမားမှာ ၎င်း၏အသင်းနှင့် အက်စ်၊ စီ၊ ဝေါ့ဘ်အသင်းတို့ ကစား သည့်ပွဲတွင် ၁-၀ ဂိုးဖြင့်ရှုံးပြီးနောက် ဒိုင်ကို မကျေနပ်၍ မျက်နှာကို ဘောလုံးနှင့် တည်ကန်ပြီးရေဖြင့်ပက်ခဲ့
ခြင်းကြောင့် နှစ် ၅၀ ဘောလုံးကစားခွင့် ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း ဆွစ်သတင်းစာ Blick က ဖော်ပြသည်။ ဘန်းလိဂ်ပြိုင်ပွဲ၏ ရှေ့နေကမူ ထိုသို့သော ကစားသမားမျိုးကို မလိုချင်သော်လည်း ၎င်းတို့ပြိုင်ပွဲတွင် တစ်
နှစ်တစ်ကြိမ်ဆိုသလို ဒိုင်များ၊ တစ်ဖက်ကစားသမားများကို တိုက်ခိုက်တတ်သူများ ပေါ်နေဆဲဖြစ်ကြောင်း
ပြောသည်။

ဖရိုင်းရားသည် ယခင်ကလည်း ပြိုင်ဘက်ကစားသမားများကိုတိုက်ခိုက်မှုဖြင့် ၄၅ ပွဲ ပိတ်ပင်ခံခဲ့ရဖူးသည်။ ယခုကဲ့သို့ နှစ် ၅၀ ပိတ်ပင်မှုကို အံ့သြခဲ့ပြီး အမြင့်ဆုံး တစ်နှစ် (သို့မဟုတ်) ၂ နှစ်သာ ပိတ်ခံရမည်ထင်ခဲ့
ကြောင်း၎င်း ကဆိုသည်။ ယခုပြစ်ဒဏ်ကြောင့် ၎င်းသည်လာမည့် ၂၀၆၄ ခုနှစ် ဇွန် ၅ ရက် အသက်(၇၈)နှစ် အရွယ်ကျမှသာဘောလုံးပြန်ကစားခွင့်ရမည် ဟု သတင်းကဖော်ပြသည်။

7day
Previous
Next Post »
Powered by Blogger.