ယာဉ်ဟောင်းအပ်နှံကာ ပြည်ပမှတင်သွင်းရသည့် မော်တော်ယာဉ်များ မှတ်ပုံတင်ခလျှော့ပေါ့ပေးခြင်းကို ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်အထိ ထပ်တိုးပေးမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဒုဝန်ကြီး ပြောကြား


ယာဉ်ဟောင်းအပ်နှံကာ ပြည်ပမှတင်သွင်းရသည့် မော်တော်ယာဉ်များ မှတ်ပုံတင်ခလျှော့ပေါ့ပေးခြင်း ကို နောက်ထပ်သုံးလ အချိန်ပေးပြီး ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက်အထိ ထပ်တိုးပေးမည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးချန်မောင်က ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးချန်မောင်က နေပြည်တော်တွင် နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သည့် ပထမအကြိမ်ပြည်သူ့ လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်၏ မေး ခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ် မော်လမြိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က “ရထား ပို့ဆောင်ရေးဝန်ကြီးဌာနမှ စက်မှုဇုန်ထုတ်ကားများ၊ သုံးဘီးကားများနှင့် နှစ်နှစ်ဆယ်ကျော်ကားများကို ဖျက်သိမ်းရန်အတွက် ၃၁. ၁၂.၂ဝ၁၄ ရက်တွင် နောက်ဆုံးထားအပ်နိုင်ရန် သတ်မှတ်ချက်ကို ၃၁.၁၂. ၂ဝ၁၅ ရက်အထိ တိုးပေးနိုင်ခြင်း ရှိ၊ မရှိ” ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးချန်မောင်က “ပြည်ပ တင်သွင်းယာဉ် မှတ်ပုံတင်ခ လျှော့ပေါ့မှုရရှိရန်အတွက် ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံရက်အား ၃၁.၁၂. ၂ဝ၁၄ ဟု သတ်မှတ်ထားခဲ့သော်လည်း ယာဉ်များအတွက် အစားထိုးတင်သွင်းရန် ရရှိထားသော ယာဉ်တင် သွင်းမှုအား နောက်ထပ်သုံးလ အချိန်ပေးပြီး ၃၁.၃.၂ဝ၁၅ အထိ ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ
လျှော့ပေါ့ မှုဖြင့် ကနဦးမှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြလိုပါတယ်” ဟု ပြန်လည်
ဖြေကြားသည်။

ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် ကောက်ခံသည့် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ
ကောက်ခံခြင်းမှာ “စ” မှ “ပ” အက္ခရာအထိ အပ်နှံပြီး အစားထိုးတင်သွင်းလာသည့် ယာဉ်များအား ၄ဝ ရာ ခိုင်နှုန်း “ဗ” အက္ခရာမှစ၍ “၂က” အက္ခရာအထိ ယာဉ်များအား ၆ဝ ရာခိုင်နှုန်း လျှော့ပေါ့ပေးခြင်းများ
ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးဦးချန်မောင်က ဆက်လက်ပြောကြားသည်။

လူတစ်ဦးချင်းတင်သွင်းခွင့် ကားတင်သွင်းမှုများ Personal Account ဖြင့် ကားတင်သွင်းမှုများအပေါ် သတ်မှတ်ချက်များတိုးသွားရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားထားသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ဇုန်ထုတ်ယာဉ်များမှာ ၉၈၅၉၂ စီးရှိပြီး ၂ဝ၁၄ ခုနှစ်
အောက်တိုဘာ ၃၁ ရက်အထိ ဇုန်ထုတ်ယာဉ် ၁၄၁၆၃ စီး အပ်နှံမှုပြုထားပြီး အပ်နှံနိုင်သော ဇုန်ထုတ်ယာဉ် ၈၄၄၂၉ စီးကျန်ရှိနေသေးကြောင်း ဒုတိယဝန်ကြီးဦးချန်မောင်က ဆိုသည်။

ဝေယံဖြိုးဦး၊ မျိုးမင်းထက် | EMG


Previous
Next Post »
Powered by Blogger.