ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် Telenor ဆင်းကဒ်များ ၁၅၀၀ ကျပ်ဖြင့် စတင် ရောင်းချခဲ့သော်လည်း အရောင်း ကိုယ်စားလှယ်များမှာ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း Telenor ဆင်းကဒ်အရောင်းဆိုင်များမှ သိရ သည်။
“သူတို့က ဆင်းကဒ်ကို ချပေးတာ ငွေဖြည့်ကဒ်ကို အများကြီး ယူရတယ်။ ၀ယ်သူတွေကလည်း ငွေဖြည့်ကဒ် ကို ငါးထောင်တန်၊ တစ်သောင်းတန် ဘယ်သူမှ ၀ယ်မသုံးကြဘူး။ တစ်ထောင်တန်လောက်ပဲ သုံးနေကြ တာ။ စမ်းသုံးတဲ့ သဘောပဲ၊ အဲ့ဒီတော့ ဆင်းကဒ်တွေ ကုန်သွား ပေမယ့် ရှုံးနေတယ်”ဟု သုဝဏ္ဏမြို့နယ် Telenor ဆင်းကဒ် ရောင်းချသူတစ်ဦးက ပြောကြားခဲ့သည်။
Telenor ဆင်းကဒ်များအား အောက်တိုဘာ ၂၆ ရက်နေ့တွင် စတင် ရောင်းချပြီး ကိုယ်စားလှယ် ဆိုင်တစ် ဆိုင်အနေဖြင့် ဆင်းကဒ် ၅၀ယူမည်ဆိုပါက ငွေဖြည့်ကဒ် ၁၀၀ ယူရမည်ဖြစ်ကြောင်းနှင့် ယင်းသို့ မ၀ယ်ယူပါ က ဆင်းကဒ်ချပေးခြင်း မရှိကြောင်း သိရသည်။
“တယ်လီနော ၀ယ်သုံးတာ တစ်ထောင်တန်ကဒ်ပဲ အရင်ထည့် သုံးတယ်။ သူကဘယ်လိုဖြတ်လည်း သေချာ မသိသေးဘူး။ အရင် အော်ရီဒူးလို ငွေအများကြီး ကုန်မယ်ဆိုရင်တော့ မသုံးဘူး။ အခုက စမ်းသပ် သုံးကြည့် တာ”ဟု တောင်ဒဂုံမြို့နယ် နေထိုင်သူ ဦးသောင်းက ပြောကြားသည်။
ကိုယ်စားလှယ်များအား Telenor ဆင်းကဒ်နှင့် ငွေဖြည့်ကဒ် ချပေးရာတွင် တစ်ဆိုင်လျှင် အနည်းဆုံး ဆင်း ကဒ် ၅၀ မှာယူပါက ၁၀၀၀တန် ငွေဖြည့်ကဒ် ၄၀၊ ၃၀၀၀တန် ငွေဖြည့်ကဒ် ၃၀၊ ၅၀၀၀ တန် ငွေဖြည့်ကဒ် ၂၀၊ ၁၀၀၀ တန် ငွေဖြည့်ကဒ် ၁၀ ကဒ်၊ အနည်းဆုံး ယူရမည်ဖြစ်ကြောင်း သိရသည်။
Tomorrow Journal
Sign up here with your email
ConversionConversion EmoticonEmoticon