ကိုရီးယားမော်ဒယ်သရုပ်ဆောင် Clara ဟာ Mode Lifestyle မဂ္ဂဇင်းက ရွေးချယ်လိုက်တဲ့ ကမ္ဘာ့အလှဆုံး အမျိုးသမီးများ စာရင်းမှာ ဒုတိယနေရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ခုလို ရရှိခဲ့တဲ့ဆုဟာ အထင်ကြီးဂုဏ်ယူ စရာဆိုခဲ့ရင် ပိုဂုဏ်ယူစရာကောင်းတာက သူမဟာ အခြားသော ကမ္ဘာကကျော် မင်းသမီးတွေဖြစ်တဲ့ Angelian Jolie၊ Beyonce နဲ့ Scarlett Johansson တို့ကိုကျော်ပြီး ဒီဆုကို ရရှိသွားတာပါပဲ။
မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အလှဆုံးအမျိုးသမီး အယောက် ၁၀၀ စာရင်းမှာ ကမ္ဘာပေါ်က အလှ ဆုံး အဆိုတော်၊ မော်ဒယ်၊ မင်းသမီး စတဲ့သူတွေကို ရွေးထုတ်ခဲ့ခြင်းဖြစ်ပြီး အာဆီယံရဲ့အလှဆုံးအမျိုးသမီး တစ်ဦးအဖြစ် ဒုတိယနေရာကို ရရှိခဲ့တာလို့ သိရပါတယ်။
Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon