လိပ်ကျွန်း လူသတ်မှု ဗြိတိန်စုံထောက်များ လျှို့ဝှက် စုံစမ်း


လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် ပတ်သက်၍ ဗြိတိန်စုံထောက်အဖွဲ့က အောက်တိုဘာ ၂၅ ရက် တွင် ကိုယ်ပိုင်ဂျက် လေယာဉ်ဖြင့်တိတ်တဆိတ်လာရောက်စုံစမ်းခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၅ ရက်တွင် ဗြိတိန်စုံထောက်လေးဦးသည် လိပ်ကျွန်းသို့ လာရောက်စစ်ဆေးခဲ့ပြီး အောက် တိုဘာ ၂၆ ရက်တွင် နှစ်ဦး ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါလူသတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ လုပ်သားသုံးဦးကို ဖမ်းဆီးလိုက် ပြီဟု ထိုင်းသ တင်းဌာန Thai PBSက အောက်တိုဘာ ၂၆ ရက်ညနေ တွင် အရေးကြီးသတင်းအဖြစ် ဖော်ပြလိုက်ရာ ထိုင်း ရှိမြန်မာကြား ဂယက်ရိုက်ခဲ့သည်။ သို့သော်လိပ် ကျွန်းရှိ မြန်မာလုပ်သားများသို့ ဆက်သွယ်မေးမြန်းရာ အတည်ပြုချက်မရရှိပေ။

ထိုင်းသတင်းဌာန Thai PBS သည် အရေးကြီးသတင်းအဖြစ် အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက နှစ် ကြိမ်ဖော်ပြရာ လူမှုကွန် ရက်များတွင် ပျံ့နှံ့ခဲ့သောကြောင့် မြန်မာသံရုံးအထူးအဖွဲ့သို့ မေးမြန်း ရာ ‘‘လိပ် ကျွန်းမှာနေတဲ့ မြန်မာ တွေလည်း မေးပြီးပါပြီ။ ဘယ်သူ မှ ဒီသတင်းကို မသိပါဘူး။ အတည်ပြုလို့လည်းမရပါ ဘူး။ ထိုင်းသတင်းဌာနက ဖော်ပြလိုက်လို့သာ သိကြတာပါ။ လိပ်ကျွန်းက မြန်မာ တွေက မဟုတ်ဘူးလို့ပြော ပါတယ်’’ဟု မြန်မာသံရုံးအထူးအဖွဲ့ မှ ဦးကျော်သောင်းကပြောသည်။

Thai PBS က မြန်မာ လုပ် သားသုံးဦးကို ဖမ်းဆီးထားပြီး ၎င်းတို့ထဲမှ တစ်ဦးသည် ပြစ်မှုကျူး လွန်ကြောင်း ၀န်ခံထားသည်ဟု ဖော်ပြသည်။ ‘‘ကျွန်တော်တို့ဆီကို ဖုန်းတွေဆက်ပြီး မေးကြပါ တယ်။ အဲဒီသတင်းကို ကြားလည်း မကြားပါဘူး။ မဟုတ်လောက်ပါ ဘူး’’ လိပ်ကျွန်းတွင် လုပ်ကိုင်နေ သော မြန်မာလုပ်သားတစ် ဦးက ပြောသည်။ ထိုသတင်းဌာနမှ သ တင်းအဟောင်းကို မှားယွင်းတင်မိခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့က သုံးသပ်သည်။

7day

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.