ထိုင်းနိုင်ငံက စိတ်ဝင်စားဖွယ် ဂျပန် အမျိုးသား ၂ ဦး သေဆုံးမှုပါ။ သေဆုံးသွားသူ ဂျပန် အမျိုးသား ၂ ဦး လုံး ဟာ ထိုင်း အမျိုးသမီး အသက် ၄၇ နှစ်ရှိတဲ့ မစ္စ Pornchanok Chaiyapa နဲ့ ပေါင်းသင်းခဲ့ကြသူတွေ ချည်းပါ ဘဲ။ အဲဒီ ဂျပန် အမျိုးသားကြီး ၂ ဦးလုံး သေဆုံးမှုဟာ ထိုင်းအမျိုးသမီး မစ္စ Pornchanok Chaiyapa က အဓိ က လူသတ်မှုကိစ္စ သံသယရှိသူဖြစ်ပါတယ်။
မစ္စ Pornchanok Chaiyapa ရဲ့ ခင်ပွန်း တက္ကစီကားမောင်းသူ မစ္စတာ Somchai Kaewbangyang က အ သက် ၇၉ နှစ်ရှိ ဂျပန်ဆရာ မစ္စတာ ယိုရှိနိုရိ ရှိမာတို ကို သူတို့ လင်မယားက သတ်ခဲ့တယ်လို့ ဝန်ခံထား တာကို ဘန်ကောက်ပို့စ်က ရေးပါ တယ်။
အသက် ၇၉ နှစ်ရှိ ဂျပန်လူမျိုး မစ္စတာ ယိုရှိနိုရိ ရှိမာတို ဟာ လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ ကတည်း က ပျောက် ဆုံးနေခဲ့တာပါ။
လွန်ခဲ့တဲ့ သတင်းပတ်က ဘန်ကောက်မြို့ ရေမြောင်းတခုထဲမှာ ပိုင်ရှင်မဲ့ လူခန္ဓာကိုယ်အစိပ်အပိုင်းတွေ ထည့်ထားတဲ့ အထုပ်ကို တွေ့ခဲ့ရပါတယ်။
အဲဒီကိစ္စကနေ မစ္စတာ ယိုရှိနိုရိ ရှိမာတို အသတ်ခံရတာကို ပေါ်ပေါက်ခဲ့ရပါတော့တယ်။
မစ္စ Pornchanok Chaiyapa ရဲ့ ခင်ပွန်း မစ္စတာ Somchai Kaewbangyang တို့က မစ္စတာ ယိုရှိနိုရိ ရှိမာတို ကို သတ်ပြီး အပိုင်းပိုင်းလုပ်ကာ အိတ် ၄ ခုထဲ ထည့်၊ ရေမြောင်းကြီးတခုထဲ စွန့်ပစ်မှုကို သူတို့ ကျူးလွန်ခဲ့တာလို့ ခင်ပွန်းသည်ဆုန်ချိုင်း က ဝန်ခံ ထွက်ဆိုလိုက်ပါတယ်။
သူတို့ လင်မယားဟာ ဂျပန် အဘိုးကြီးရဲ့ ATM ကတ်ကနေ တဆင့် အဘိုးကြီးရဲ့ ဘဏ် ထဲကပိုက်ဆံ ထိုင်း ဘတ်ငွေ အနည်းဆုံး ၇ သိန်းကို ထုတ်ယူထားတယ်လို့လည်း ထိုင်းရဲက ဆိုထားပါတယ်။
ဒီမှာပဲ မစ္စ Pornchanok နဲ့ ပေါင်းသင်းရင်း လွန်ခဲ့တဲ့ ၁၁ နှစ်ကာလက မတော်တဆ လှေကားပေါ်က ပြုတ် ကျသေဆုံးခဲ့တယ် ဆိုတဲ့ ဂျပန် အမျိုးသား မစ္စတာ Kasitosi Tanaka ရဲ့ သမီးဖြစ်သူက သူ့ဖခင်ဟာ သူ တို့ ပြောသလို မတော်တဆ သေဆုံးခဲ့ တာလို့ မယုံကြည်ပါဘူး တဲ့။ သူ့ဖခင်ဖြစ်သူကို ဒီအမျိုး သမီးသတ်
လို့ သေဆုံးတယ်လို့ ယူဆပြီး ပြန်လည်စုံစမ်း စစ်ဆေးပေးဖို့ ထိုင်းရဲကို တောင်းဆိုခဲ့ပါတယ်။
၂ဝဝ၃ ခုနှစ်က မစ္စတာ တာနာကာကိုလည်း ဆုန်ချိုင်က လှေကားထိပ်က တွန်းချပြီး အသက်ရှုလမ်း
ကြောင်း ပိတ်အောင် လုပ်ကာ သတ်ခဲ့တယ်လို့ အခုတော့ ပေါ်ပေါက်လာခဲ့ပါတယ်။
သေဆုံးမှု ၂ ခုလုံးမှာ ဂျပန်အမျိုးသားကြီးတွေနဲ့ ပေါင်းဖက် နေထိုင်ခဲ့သူ မစ္စ Pornchanok က အဓိက ဖြစ် တယ်လို့ ထိုင်းသတင်းတွေက ရေးကြပါတယ်။
အခုတော့ သူတို့ လင်မယားနဲ့ အပေါင်းအပါတချို့ကို ဂျပန် ၂ ဦးသတ်မှု၊ အလောင်းဖျောက်မှု စတဲ့ ပုဒ်မတွေ နဲ့ ထိုင်းရဲက တရားစွဲဆိုဖမ်းဆီးထားပါတယ်။
အိမ့်သံစဉ်
Sign up here with your email
ConversionConversion EmoticonEmoticon