ကော်သူးလေတပ်မတော် ဖွဲ့စည်းရန် သဘောတူညီချက်ရရှိ


ဒီကေဘီအေ ဌာနချုပ် ဆုံဆည်းမြိုင်မှာ ကျင်းပတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တွေရဲ့
ဆွေးနွေးပွဲ ကနေ ကော်သူးလေ တပ်မတော် အဖြစ် ပေါင်းစည်းဖို့နဲ့ အားလုံး ပါဝင်တဲ့ ဦးဆောင်မှုနဲ့ လုပ်
ဆောင်သွားဖို့ သဘော တူညီကြောင်း အစည်းအဝေး အပြီး ထုတ်ပြန် ကြေညာပါတယ်။

ကော်သူးလေ တပ်မတော် ဖွဲ့စည်းခြင်းနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူကမူအရ သဘောတူလက်ခံပြီး ဒီကေဘီအေ (ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်) ကတော့ အကြွင်းမဲ့ သဘော တူကြောင်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဒီအစည်းအဝေးရဲ့ ပြောရေးဆိုခွင့်ရှိသူ ကေအန်အယ်လ်အေ တပ်မဟာ (၇) က အမှတ် (၁၀၁) တပ်ရင်းမှူး ဗိုလ်မှူးကြီး စောဖောဒိုက “ကရင်လက်နက်ကိုင်အားလုံး တခုတည်းပြန်ဖြစ်ဖို့ရည်ရွယ်ချက်ဖြစ်ပါတယ်။
နိုင်ငံရေးရည်မှန်းချက်ကတော့ အခုလက်ရှိ ကေအန်ယူက နိုင်ငံရေးဦးဆောင်မှု လမ်းစဉ်မှာ တွန်းအားတရပ် အနေနဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကော်သူးလေတပ်မတော်ဟာ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိဖို့နဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးအတွက် တိုင်းရင်းသား ပြည်သူတွေ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ သဘောတူဆုံးဖြတ် ခဲ့ကြပါတယ်။

နှစ်ရက်ကြာဆွေးနွေးပွဲရဲ့ ပထမနေ့တုန်းက ကေအန်ယူကိုယ်စား လှယ်တွေ တက်ရောက်ပေမယ့် ဒုတိယနေ့ မှာတော့ တက်ရောက်ခဲ့တာမရှိပါဘူး။ ဒါပေမယ့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (ကေအန် အယ်လ်အေ) ဒု-စစ်ဦးစီချုပ် ဗိုလ်မှူးချုပ် ဘောကျော်ဟဲနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (ကေ အန်ဒီအို) ဦးစီးချုပ် ဗိုလ်မှူးချုပ် နယ်ဒါးမြတို့က အစည်းအဝေးမှာ တယ်လီဖုန်းနဲ့ မိန့်ခွန်းပြောဆိုခဲ့ကြပါ တယ်။

ဒီဗွီဘီက တယ်လီဖုန်းနဲ့ သီခြားမေးမြန်းရာမှာ ဗိုလ်မှူးချုပ် ဘောကျော်ဟဲက “ပြည်သူလူထုတွေက တပ်မ
တော်တခုတည်းဖြစ်ဖို့ လိုလားသလို ကျနော်တို့လည်း တပ်မတော်တခုတည်း ဖြစ်ဖို့ လိုလားပါတယ်။ လက် ရှိအချိန်မှာ ကျနော်တို့ စုစည်းနိုင်ခြင်း မရှိသေးတဲ့အပေါ် ကျနော်တို့ စုစည်းချင်တဲ့ ဆန္ဒရှိတဲ့အကြောင်း သ
ဘောထားကို ထုတ်ပြန်ထားတယ်။ ဒီအပေါ် ကျနော်တို့ ညီညွတ်ရေးကော်မတီ အဖွဲ့ကနေပြီး ကရင်တပ်မ
တော်တွေ လက်တွဲသွားနိုင်ဖို့ တဆင့်ပြီးတဆင့် လုပ်ဆောင်သွားပါမယ်” လို့ ပြောပါတယ်။

ဗိုလ်မှူးချုပ် နယ်ဒါးမြက “လောလောဆယ်တော့ ကျတော်တို့ မတွေ့ဆုံနိုင်သေးပေမယ့် ကျတော်တို့တွေ ဟာ တစုတစည်းတည်းရှိတဲ့အကြောင်း ပြောချင်ပါတယ်။ ကျနော်တို့ ကရင်လူမျိုးတွေအနေနဲ့ ကျတော်တို့ တဖွဲ့နဲ့တဖွဲ့ ကူညီကြဖို့ ကရင်လူမျိုးရဲ့ ရည်မှန်းချက်ပြီးပြည့်စုံတဲ့ထိ စုစည်းညီညွတ်ဆောင် လုပ်ဆောင်ကြဖို့ ပါ။ ကျနော်တို့တွေဟာ စောဘဦးကြီးရဲ့ သားသမီးတွေဖြစ်တဲ့အတွက် သူ့မူ ၄ ချက်ကို ကျနော်တို့ နှစ်လုံးထဲ မှာ စွဲမြဲထားပါတယ်။ ဒါကြောင့် အားမငယ်ကြပါနဲ့လို့ အားလုံးကို ခွန်အားပေးချင်ပါတယ်” လို့ ပြောပါတယ်။

မနေ့က ပြီးဆုံးခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ အမြဲတမ်းဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးက လည်း ကော်သူးလေတပ်မတော် ဖွဲ့စည်းရေးကို မူအားဖြင့် ထောက်ခံ ကြောင်း ဆုံးဖြတ်ကြေညာခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်တဲ့ ကရင်အမျိုးသားအစည်းအရုံး၊ ကရင် အမျိုးသား လွတ်
မြောက်ရေးတပ်တော်(ငြိမ်းချမ်းရေးကောင်စီ)က ကိုယ်စားလှယ်တော့ တက်ရောက်ခြင်း မရှိပါဘူး။ ဒါပေ မယ့် အဲဒီအဖွဲ့ကနေ မကြာသေးခင်ကမှ ထွက်ခဲ့တဲ့ ဒေါက်တာ တင်မိုသီကတော့ တက်ရောက်ပါတယ်။

ဒီဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး၊ ဒီကေဘီအေ၊ ကေကေအိုနဲ့ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ် စတဲ့ဒေသတွေက ကရင်ကိုယ်စားလှယ်တွေအပါအ၀င် လူပေါင်း ၃၀၀ ကျော် တက်ရောက်ပါတယ်။

နော်နိုရင်း | DVB
Previous
Next Post »
Powered by Blogger.