![]() |
နိုင်ငံသားဖြစ်ခွင့်ရရှိခဲ့သည့် ဘင်္ဂါလီအမျိုးသမီးများ (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ) |
မြန်မာ နိုင်ငံသားဖြစ်ခွင့်လျှောက် ထားသူဘင်္ဂါလီလူမျိုးတစ်ထောင် ကျော်ရှိသည့်အနက် စက်တင် ဘာတွင် အစိုးရက ဘင်္ဂါလီလူမျိုး ၂၀၉ဦးကို နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ပေးပြီးနောက် ထပ်မံခွင့်ပြုရန်ကျန်ရှိ သည့် ၂၄၄ ဦးကိုဝန်ကြီးဌာနက စတင်စစ်နေခြင်းဖြစ်သည်ဟု သတင်းရရှိသည်။
‘‘ဒုတိယအသုတ်ခွင့်ပြုပေးဖို့ စတင်စစ်ဆေးနေပါတယ်။ စစ် ဆေးနေတာတော့ ၂၄၄ ဦးပါ။ ဗဟိုက စစ်ဆေးနေတာမို့ နိုင်ငံ သားနဲ့နိုင်ငံသားပြုခွင့်ဘယ်နှဦးရနိုင်တယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး’’ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဘင်္ဂါလီလူမျိုးများ နိုင်ငံ သားပြုခွင့် လျှောက်ထားမှုကို ယခုနှစ် ဇွန်လ ၁၅ ရက်မှစတင်ပြီး မြေပုံမြို့နယ် ကိုစမ်း သပ်ဧရိယာ အဖြစ်သတ်မှတ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။ လျှောက်ထားသူ ၁၀၉၄ ဦးရှိခဲ့ပြီး ယင်းအနက်မှ နိုင်ငံသား ဖြစ်ခွင့် ၄၀၊ နိုင်ငံသားပြုခွင့်ရသူ ၁၆၉ ဦး ကိုပထမအကြိမ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
၎င်းတို့ကို ၁၉၈၂ ဥပဒေ အရ ဗဟိုကခွင့်ပြုပေးခဲ့ခြင်းဖြစ် ပြီး မျိုးရိုးစဉ်ဆက်များကို စိစစ် သည့်အခါ ဥပဒေ ပါပုဒ်မ - ၆ နှင့်ကိုက်ညီသဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံ သားဖြစ်ခွင့်ကို သုံးမျိုးဖြင့်ခွင့်ပြုလျက်ရှိပြီး ၎င်းတို့မှာ နိုင်ငံသားဖြစ်ခွင့်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟူ၍သုံးမျိုးခွဲခြားထားခြင်းဖြစ်သည်။
ဘင်္ဂါလီလူမျိုးများကို နိုင်ငံ သားဖြစ်ခွင့်ရွေးချယ်ရာတွင် ပြည် နယ်အဆင့်၊ ပြည်ထောင်စုအဆင့် နှင့် ဗဟိုအ ဆင့်သုံးမျိုးခွဲခြား၍ ဆောင်ရွက်မည်ဖြစ်သည်။ ထပ်မံ ခွင့်ပြုရန်သင့်၊ မသင့်စဉ်းစားနေ သော အဆိုပါလူဦး
ရေသည် ပြည် နယ်အဆင့်နှင့် ပြည်ထောင်စု အဆင့်မှာ ပြီးစီးနေပြီး ဗဟိုအဆင့် သို့ရောက်ရှိနေပြီဖြစ်သည်။
ပြည်နယ်အဆင့်စစ်ဆေးရာ တွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ဥပဒေအ ရာရှိ၊ မြို့နယ်ဦးစီးမှူး၊ ဒေသခံရခိုင်နှင့်ဘင်္ဂါလီကိုယ်စား လှယ်တစ်ဦးစီထားကာ ရွေးချယ် ခဲ့ခြင်းဖြစ်သည်။
ပြည်နယ်မှစိစစ်ပြီး သူများကိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြန်လည်စိစစ်ပြီး ပြည် ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာနတို့ပါဝင်သော ဝန်ကြီးဌာနလေးခု၏ကော်မတီက ပြန်လည်စိစစ်ခွင့်ပြုပေးခြင်းဖြစ်သည်။
အိဖြူမွန် | 7day
Sign up here with your email
ConversionConversion EmoticonEmoticon