စီးကရက်ကိုယူဆော့သဖြင့် ၂ နှစ်အရွယ် သမီးကို ဖခင်ဖြစ်သူက ရိုက်သတ်မှုတစ်ခု စင်္ကာပူနိုင်ငံမှာဖြစ်ပွားခဲ့ ပါတယ်။
စင်္ကာပူနိုင်ငံ Boon Lay ဒေသရဲ့ တိုက်ခန်းတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၇ နှစ်အရွယ် Sallehan Allaudin
ဆိုတဲ့ ဖခင်ဖြစ်သူကရိုက်သတ်ခဲ့တာဖြစ်ပါတယ်။
Allaudin နဲ့သူ့မိန်းမဟာ ၂ နှစ်အရွယ်သမီးကို နောက်ထပ် ၁ နှစ်အရွယ် ကလေးနှစ်ယောက်နဲ့အတူ အိမ်မှာ ထားခဲ့ပြီး အပြင်ထွက်ခဲ့ကြပါတယ်။
မိဘတွေမရှိတုန်း ကလေးဟာ ဖခင်ဖြစ်သူသောက်တဲ့ စီးကရက်တွေကို ယူဆော့နေပါတယ်။ဒီအချိန်မှာပြန် လာတဲ့ ဖခင်ဖြစ်သူ Allaudin ကတွေ့ပြီး ကလေးကို ခြေထောက်တွေနဲ့ကန်ကာ ရိုက်ခဲ့တာဖြစ်ပါတယ်။ က
လေးဟာ သွေးကြောများပျက်ဆီးပြီး သေဆုံးခဲ့ရပါတယ်။
လက်ရှိမှာ ဖခင်ဖြစ်သူဟာ သေဒဏ်ကျခံရဖို့များနေပြီး အမှုကို ဆက်လက် စစ်ဆေးနေပါတယ်။မိခင်ဖြစ် သူက တံမြက်စည်းနဲ့ ဝင်ရိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေရှိပေမဲ့ သူမကတော့ ငြင်းဆိုထားပါတယ်။
phothutaw
Sign up here with your email
ConversionConversion EmoticonEmoticon