Myanmar Gaming Festival 2014 အွန်လိုင်းဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အနေဖြင့် ရန် ကုန်မြို့ သုဝဏ္ဏ မိုးလုံ၊ လေလုံ အားကစားခန်းမတွင် စက်တင်ဘာ ၅ရက်နှင့် ၆ရက်တွင် ကျင်းပခဲ့သည်။
ယင်းအွန်လိုင်းဂိမ်းပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခြင်းဖြစ်ပြီး ပြည်တွင်းအွန်လိုင်းဂိမ်း ပြိုင်ပွဲ များထဲတွင် အကြီးဆုံး ပွဲတစ်ခုဖြစ်သည်ဟု စီစဉ်ကျင်းပသူ ကိုသက်ဇော်ဝင်းက မဇ္ဈိမကိုပြောသည်။
"စတင်ကျင်းပဖြစ်တာကတော့ ပြည်တွင်းကသူငယ်ချင်းတွေနဲ့ တိုင်ပင်တယ်။ ပွဲကိုလုပ်ချင်တဲ့သူတွေ စလုပ်ဖြစ်ခဲ့တာပါ။ စလုပ်မယ်လို့ စီစဉ်တုန်းက မဖြစ်နိုင်ဘူးလို့ ပြောဆိုခံခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော် တို့ နောက်ဆုံးတော့ လုပ်နိုင်ခဲ့တယ်"ဟု ၎င်းကပြောသည်။
ပြိုင်ပွဲ၌ Dota 2, League of Legends, Counter Strike :Global Offensive, FIFA 2014 ,Ultra Street Figher IV, Naruto-Shippuden-Ultimate Ninja Storm 3 Full Burst, Tekken Tag Tournament 2 စသော ဂိမ်းအ မျိုးအစား ခုနှစ်မျိုးကို ယှဉ်ပြိုင်ကစားခဲ့သည်။ ပြိုင်ပွဲသို့ မြန်မာနိုင်ငံ အနှံ့အပြားမှ ပြိုင်ပွဲဝင် ၆၀၀ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ဂိမ်းပြိုင်ပွဲအတွက် ဆုပေးပွဲကို စက်တင်ဘာလ ၆ရက် ည ၇နာရီတွင် ကျင်းပမည်ဖြစ်ပြီး အမြင့်ဆုံး Dota 2 ဂိမ်းအတွက် ပထမဆုကို သိန်း ၅၀၊ ဒုတိယ ၁၀သိန်း၊ တတိယ ၅သိန်း နှင့် စတုတ္ထဆုအတွက် ရှစ်ဆု ကျပ်နှစ် သိန်းစီ ပေးအပ်မည် ဖြစ်သည်။ League of Legends, Counter Strike(Global Offensive), FIFA 2014တို့အ တွက်မူ ပထမဆု ကျပ် ၄သိန်း၊ ဒုတိယဆု ၂သိန်း၊ တတိယဆု တစ်သိန်း ပေးအပ်မည် ဖြစ်ပြီး ကျန်ကစား နည်းများ အတွက်မူ တစ်သိန်း (သို့မဟုတ်) နှစ်သိန်းတန် လက်ဆောင်ပစ္စည်းများ ပေးအပ်မည်ဖြစ်သည်။
ဆုပေးပွဲအခမ်းအနားတွင် တေးသံရှင် နီနီခင်ဇော်က သီဆို ဖျော်ဖြေမည်ဖြစ်သည်။
"ဒီပွဲအကြောင်းကို သူငယ်ချင်းတွေဆီက ကြားတာ။ မြန်မာနိုင်ငံတစ်ခုလုံးမှာရှိတဲ့ ဂိမ်းဝါသနာရှင်တွေ လာ ကြတာဆိုတော့ ပျော်တယ်။ ယှဉ်ပြိုင်တဲ့ သူတွေရဲ့လက်စွမ်းကိုလည်း ကြည့်ခွင့်ရမယ်။ ဒါမျိုးပြိုင်ပွဲကို
နှစ်တိုင်း ကျင်းပမယ်ဆိုရင် သိပ်ကောင်းမယ်" ဟု မန္တလေးမှ လာရောက်ကြည့်ရှုသည့် ကိုဇင်ခန့်က မဇ္ဈိမ ကို ပြောသည်။
ယခုကဲ့သို့ ပြိုင်ပွဲမျိုးကို ၂၀၁၅ခုနှစ် ဧပြီလနှင့် ဒီဇင်ဘာလများတွင်လည်း ထပ်မံ၍ကျင်းပသွားရန်ရှိသည်ဟု ပွဲစီစဉ်သူ ကိုသက်ဇော်ဝင်းက ပြောသည်။
ကိုသက်ဇော်ဝင်းက ကိုးရီယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဂျော်ဒန်၊ တရုတ် စသော ပြည်ပ ခြောက်နိုင်ငံ တွင်ဂိမ်းပြိုင်ပွဲများ စီစဉ်ကျင်းပဖြစ်ခဲ့ပြီး ယခုပြည်တွင်းဂိမ်းပြိုင်ပွဲသည် ပထမဆုံးစတင် ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။
ထွန်းကိုကို | mizzima
Sign up here with your email
ConversionConversion EmoticonEmoticon