ယခင်အစိုးရက လယ်သမားများဒုက္ခရောက်အောင် မလုပ်ခဲ့ဟု သူရဦးရွှေမန်းပြော


အရင် အစိုးရအနေနဲ့ တောင်သူ လယ်သမားတွေကို ဒုက္ခရောက်အောင် မလုပ်တာကို ရဲရဲကြီး တာဝန်ခံရဲ တယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းခံရမှုကြောင့် ပြည် သူတွေ နစ်နာမှုမရှိစေရေး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဖြေရှင်း ဆောင်ရွက်မှု အစီရင်ခံစာနဲ့ ပတ် သက်ပြီး ဆွေးနွေးစဉ်မှာ ပြောလိုက်တာပါ။

“နိုင်ငံသားတွေက၊ လယ်သမားတွေ က မြေလွတ်မြေရိုင်းတွေကို မလုပ်နိုင်ဘူးဆိုရင် မင်းတို့တွေ ၀င်လုပ်
ပေး။ တချိန်ချိန်ကျလို့ လုပ်နိုင်တဲ့သူတွေရှိရင် လွှဲပေးလိုက်ပါ ဆိုတာက တပ်ရဲ့ မူဝါဒ” လို့ ဦးရွှေမန်းက ပြောပါတယ်။

လူပုဂ္ဂိုလ်တချို့ရဲ့ အားနည်းချက်ကြောင့် မတော်မတရားမှုတွေ ဖြစ်ခဲ့တာလို့ သူက ဆက်ပြော ပါတယ်။

တပ်၊ ဌာန၊ ကုမ္ပဏီတွေအနေနဲ့ ကိုယ်တိုင်မြေသိမ်းတာမဟုတ်ပဲ လိုအပ်တဲ့မြေကို မြေသိမ်းရေး အဖွဲ့က သိမ်းဆည်းပေးခဲ့တာဖြစ်ပြီး မြေပြင်မြေပုံနဲ့ ကွဲလွဲနေတာတွေရှိတဲ့အတွက် အခုလို မြေယာသိမ်းဆည်း တဲ့ပြဿနာတွေ ဖြေရှင်းရခက်နေတာလို့လည်း ဦးရွှေမန်းက ပြောပါတယ်။

စစ်တပ်နဲ့ ကုမ္ပဏီတွေက နိုင်ငံတ၀န်းမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄ သိန်း ၇ သောင်းကျော် ထဲက ၁ သိန်းကျော်ကိုသာ စွန့်လွှတ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်မှာ ပြီး ခဲ့တဲ့ ဇူလိုင်က တရားဝင် ပြောဆိုထားပါတယ်။

ပိုင်စိုး | DVB
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.