နိုင်ငံပေါင်း ၈၀ ခန့် ဘောလုံးပွဲ မသမာမှုများရှိ


နိုင်ငံတကာရဲတပ်ဖွဲ့ (ဖီဖာ) ဥက္ကဋ္ဌ
ပြီးခဲ့တဲ့ ၃ နှစ်အတွင်း နိုင်ငံပေါင်း ၆၀ ကနေ ၈၀ နိုင်ငံလောက်အထိ ဘောလုံးပွဲ မသမာမှုတွေ၊ လုပ်ပွဲတွေ ကစားခဲ့ကြတယ်လို့ နိုင်ငံတကာရဲတပ်ဖွဲ့ (ဖီဖာ) ဥက္ကဋ္ဌ ဂျွန် အဘာတ့် (John Abbott) က စက်တင်ဘာ ၁၀ ရက်နေ့က ပြောဆိုပါတယ်။

အမျိုးသား၊ အမျိုးသမီးဘောလုံးပွဲ၊ နိုင်ငံတကာပွဲ၊ ချစ်ကြည်ရေးပွဲ၊ ကလေးပွဲ စတဲ့ ဘောလုံးပွဲ အားလုံးမှာ မသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး တရားဝင်ကော၊ တရားမ၀င်လောင်းကစားလုပ်ငန်းတွေက ကြိုး ကိုင်နေတယ်လို့ ဆိုပါတယ်။

ဒီမသမာမှုတွေကို တကမ္ဘာလုံးအတိုင်းအတာနဲ့ တင်းကျပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းပြီး တိုက်ဖျက်သွားကြရမယ် လို့  John Abbott က ဆိုပါတယ်။

မသမာမှုတွေအတွက် အကောင်းဆုံး ကာကွယ်နည်းကတော့ လူထုအသိပညာပေးရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

တကမ္ဘာလုံးက အားကစားမသမာမှုတွေကို အမြဲစောင့်ကြည့်လေ့လာနေတဲ့ Sportradar အဖွဲ့ကြီးနဲ့ ဖီဖာအဖွဲ့တို့ တွဲဖက်အလုပ်လုပ်ဖို့ သဘောတူညီခဲ့ပါတယ်။

ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ အသက် ၁၆ နှစ်အောက် အာရှလူငယ်ဘောလုံးပြိုင်ပွဲလို လူငယ်အသင်း ပွဲတွေတောင် လုပ်ပွဲတွေရှိခဲ့တာကို ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်က တွေ့ရှိခဲ့လို့ ကမ္ဘာ့ဘောလုံးအာဏာ ပိုင်တွေ တုန်လှုပ်ခဲ့ကြပါတယ်။

DVB

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.