၅.၅ လက်မ အရွယ်ရှိ iPhone 6 Plus ဖုန်းများသည် ပုံစံပြောင်းပြီး ကွေးညွှတ်သွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုင်ကြားသူ ၉ ဦးသာ ရှိကြောင်း Apple က ပြောကြား ခဲ့သည်။
ယခုအခါ iPhone 6 Plus သုံးစွဲသူများသည် ၎င်းတို့ပိုင်ဆိုင်သည့် ဖုန်းများကွေးညွှတ်နေသည့် ဓာတ်ပုံနှင့် ဗွီဒီယိုများကို #bendgate အမည်ဖြင့် လူမှုရေးမီဒီယာများတွင် ဖော်ပြနေကြသည်။ ထိုကိစ္စများသည် Apple ၏ iPhone 6 Plus ရောင်းချရမှုကို ထိခိုက်ဖွယ်ရှိနေသည်။
ကြာသပတေးနေ့တွင် Apple က iPhone 6 Plus ဖုန်းပုံစံပျက်ယွင်းကာ ကွေးညွှတ်တတ်ခြင်းသည် အ လွန်တွေ့ရခဲပြီး iPhone 6 များကို ရောင်းချခဲ့သည့် ၆ ရက်ခန့် အတွင်း ပုံစံပျက်ယွင်းသွားသော iPhone 6 Plus ပိုင်ရှင်၉ ဦးသာ ကုမ္ပဏီကို ဆက်သွယ်ခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။
ဆက်လက်ပြီး ယခုဝေဖန်ချက်များသည် သုံးစွဲသူများအနေဖြင့် Apple ၏ အရည်အသွေးမြင့် iPhone 6 ထုတ်ကုန်များကို စိတ်ချနိုင်မှုရှိ၊ မရှိ စမ်းသပ်သည့် ကိစ္စတစ်ခုသာ ဖြစ်ကြောင်း Apple ကပြောဆိုခဲ့သည်။
Apple ၏ ယခု ရက်သတ္တပတ်သည် စိတ်လှုပ်ရှားဖွယ်ရာ ကိစ္စများစွာ ဖြစ်ပေါ်ခဲ့ပြီး တနလာင်္နေ့က ပထမ သုံးရက်အတွင်း iPhone 6 နှင့် 6 Plus ဖုန်းများ ၁၀ သန်းခန့်ရောင်းချခဲ့ရကြောင်း Apple က ထုတ်ပြန်ခဲ့ ပြီးနောက် iOS 8 operating system ချို့ယွင်းချက်များနှင့် iPhone 6 Plus ဖုန်းဒီဇိုင်း ပြဿနာတို့ကို အလျင်အမြန် ပြင်ဆင် ဖြေရှင်းပေးခဲ့ရသည်။
Internet Journal
Sign up here with your email
ConversionConversion EmoticonEmoticon