Ooredoo Myanmar မှ နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာ 3G နှင့် မျိုးဆက်သစ် နည်းပညာ UMTS 900 ကွန်ရက်ကို စတင်ပြီး အသုံးပြုခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။ ထိုကြောင့် အင်တာနက် ၊ ကြည်လင် ပြတ် သားသော အသံများ အလွန်ကောင်းမွန်းသော လိုင်းအားများ စသည့် အကျိုးကျေးဇူး များကို ရရှိမည် ဖြစ် ပါတယ်။
ထိုအချက် အလက်များနှင့် ပက်သက်၍ Ooredoo Myanmar မှ CEO က " ကျွန်တော်တို့ Ooredoo Myanmar မှ ဆင်းမ်ကဒ်များကို ၁၅၀၀ ကျပ်တည်းနဲ့ ရောင်းချပေးမှာပါ။ အင်တာကလည်း မိမိသုံး သလောက်သာ ပေးစွမ်းရမှာပါ။ တကယ်လို့ အင်တာနက်ကို ပိတ်ဖို့မေ့နေမယ် ဆိုရင်တောင် ငွေကုန်ကျမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ Ooredoo Myanmar မှ သုံးစွဲသူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရာ အစီအစဉ်တွေကို သြဂုတ်လ ၁၄ ရက်နေ့ မတိုင်မီ ထုတ်ပြသွားအုံးမှာပါ " ပြောကြား သွားခဲ့ပါတယ်။
ယခင်က ဖုန်းများကို ဈေးနှုန်းများစွာ ပေးခဲ့ရသော်လည်း ယခုအခါမှာ Ooredoo Myanmar မှ ဆင်းမ်ကဒ် များကို ၁၅၀၀ ကျပ်ဖြင့်သာ ရောင်းချပေးနေပါပြီ။ အသေးစိတ် သိရှိလိုတယ်ဆိုပါက www.ooredoo.com.mm တွင် အသေးစိတ် ဝင်ရောင်ကြည့်ရှုနိုင်ပါတယ်။ ဒ့ါအပြင် ဖေ့စ်ဘွတ်မှ ကြည့်ရှုလိုတယ်ဆိုပါက www.facebook.com/OoredooMyanmar တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
Sign up here with your email
ConversionConversion EmoticonEmoticon