မြန်မာလူငယ် (၁၀) ဦးလျှင် (၆)ဦးမှာ အလုပ်လက်မဲ့ ပြဿနာနှင့် ရင်ဆိုင်နေရ


မြန်မာနိုင်ငံတွင် လူငယ် (၁၀) ဦးလျှင် ခြောက်ဦးမှာ အလုပ်လက်မဲ့ ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ယမန်နေ့က မြန်မာနိုင်ငံလူငယ်များ အစည်း အရုံးမှ ထုတ်ပြန်ခဲ့သော မြန်မာလူငယ်များ ရင်ဆိုင် ကြုံတွေ့နေရသော အလုပ်လက်မဲ့ ပြဿနာ အပါအ၀င် လျင်မြန်စွာ အလေးထား ဖြေရှင်းဆောင်ရွက် သင့်သော လူငယ်ရေးရာ ကိစ္စရပ်များ ဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာအား မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးမှ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်၊ မတ်လတွင်တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်၊မေလတွင်တစ်ကြိမ် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး တို့ရှိ အသက်(၁၆)နှစ်မှ (၃၅)နှစ အတွင်း ဒေသခံ လူငယ်များအား အလုပ်အကိုင် အခွင့်အ လမ်း ရရှိမှု အခြေအနေ အပါအ၀င် လူငယ်ဆိုင်ရာ အချက် အလက်များကို မေးမြန်းပြီး ပြုစုထားခြင်းဖြစ် သည်။ကျွန်တော်တို့ စာရင်းကောက်ယူတဲ့ အချိန်ခဏမှာတောင် အလုပ်လက်မဲ့တွေ အများကြီးတွေ့ရ တယ်။ ဒီလိုသာ ရှေ့ဆက်သွားရင် တိုင်းပြည်ရဲ့ အနာဂတ်ကို ထိခိုက်နိုင်တယ်။

အလုပ်လက်မဲ့များရင် တိုင်းပြည်ရဲ့ စီးပွားရေးပါကျလာမယ်။ နိုင်ငံရဲ့ ဆင်းရဲမှုဟာ တဖြည်းဖြည်းသူများ နိုင် ငံတွေရဲ့ အောက်ကို ရောက်လာနိုင်တယ် ဟု မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးဥက္ကဋ္ဌ ကိုဇွဲရန်နိုင် က ပြောသည်။

လယ်ယာမြေ သိမ်းဆည်းခံရမှု ဆိုင်ရာ ကိစ္စရပ်များ၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုများ၊ သတင်းအချက် အလက် စီးဆင်းရရှိမှု အားနည်းခြင်း အပါအ၀င် လူမှုစီးပွားဘ၀ နိမ့်ကျမှုများသည် အလုပ်လက်မဲ့ လူငယ် အင်အား များပြားသည့် အကြောင်းအရင်းများဖြစ်ပြီး၊ ကျေးလက်ဒေသမှ လူငယ်များ သည် အလုပ်လက် မဲ့ဖြစ် ရခြင်းမှ ထွက်ပေါက်ရှာရင်းဖြင့် လူကုန်ကူးမှုများနှင့် ကြုံတွေ့ရကြောင်း၊ မြို့ပေါ်ရှိ လူငယ်များသည် လည်း အလုပ်လက်မဲ့ ပြဿ နာမှ ရုန်းထွက်ရန် ကြိုးစားကြရာမှ မြန်မာ့ လူ့အဖွဲ့အစည်းများ၏ ဆန့်ကျင် ဘက် လုပ်ငန်းများဆီသို့ ဦးတည်ရောက်ရှိသွားကြကြောင်း အဆိုပါ အစီရင် ခံစာတွင် ဖော်ပြထားသည်။

အစိုးရကလည်း နိုင်ငံရေးကိုပဲ ဦးစားပေး လုပ်ဆောင် နေတယ်။ လူငယ်တွေ အတွက်လည်း အလုပ်လက် မဲ့ ပြဿနာ တွေနဲ့ ပတ်သက်ပြီး စဉ်းစားပေးပါဆိုပြီး အစီရင်ခံစာကို သမ္မတဆီလည်း ပို့ထားပါတယ်ဟု ကိုဇွဲရန်နိုင် ကဆက်ပြောသည်။

နိုင်ငံတော်သမ္မတ အနေဖြင့် ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ တတိယအဆင့် (Thrid Wave) အား အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ၊ အဆိုပါ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လူငယ် အလုပ်လက် မဲ့ ပြဿနာရပ်အားလည်း သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လုပ်ငန်းစဉ် သတ်မှတ်ပေးပြီး၊ တာဝန်ပေး အပ် ဆောင်ရွက်သင့်ကြောင်း၊ အမှန် တကယ် အလုပ်လက် မဲ့ပြဿနာ ရင်ဆိုင်ကြုံတွေ့နေရသည့် လူငယ် များနှင့် ထိတွေ့၍၊ မြေပြင်အချက် အလက်များကို သုံးသပ်ရယူ ဆောင်ရွက်ရန် လိုအပ်ပြီး၊ လူငယ်အရပ် ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အကြံပြု ချက်နှင့်အတူ အဆိုပါအစီရင်ခံစာ အား နိုင်ငံတော် သမ္မတထံသို့ ဇူလိုင်လ(၂၅)ရက် နေ့ က ပေးပို့ ထားကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတော်သမ္မတသည် လူငယ်ရေးရာ ကိစ္စရပ်များအား လုပ်ကိုင်ဆောင် ရွက်ရန် ရထား ပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးသန်းဌေး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဇေယျာအောင်၊ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ အားတာဝန်ပေးအပ် ထားကြောင်း သိရသည်။

messenger
Previous
Next Post »
Powered by Blogger.