အစ္စရေး-ဂါဇာ နယ်စပ်ကနေ အစ္စရေးက အမြောက်တွေ နဲ့ ပစ်နေသလို၊ ဟားမက်အဖွဲ့ကလည်း အစ္စရေးဘက် ကို ရောကတ်ဒုံးကျည်တွေနဲ့ ပစ်တာကို အစ္စရေးက Iron Dome စနစ်နဲ့ ကြားဖြတ်ကာကွယ်နေရ ပါတယ် ၊ သောကြာနေ့ တိုက်ပွဲအတွင်း ဂါဇာမှာနေတဲ့ ပါလက်စတိုင်း ၅၀ ကျော် သေဆုံးပြီး ၂၂၀ ကျော် ဒဏ်ရာရ တယ်လို့ ဆေးရုံအရာရှိတွေကပြောပါတယ်။
အစ္စရေး စစ်သားတယောက်ကို ဟားမက်အဖွဲ့က ဖမ်းဆီးထားတယ်လို့ အစ္စရေးက စွပ်စွဲပြီး တိုက်ခိုက်မှုတွေ ကို ပြန်စလိုက်တာပါ၊ ဒါကြောင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနဲ့ ကုလသမဂ္ဂ အထွေထွေအ တွင်းရေးမှူးချုပ်က ဘန်ကီမွန်းတို့က ကြေညာတဲ့ ၇၂ နာရီကြာ အပစ်ရပ်စဲရေးဟာ သြဂုတ်လ ၁ ရက်နေ့ အစောပိုင်းမှာ မိနစ် ၉၀ ပဲ သက်ရောက်ပြီ ပျက်စီးသွားခဲ့ပါတယ်။
ဟားမက်အဖွဲ့ကတော့ အစ္စရေးစစ်သား ဘယ်ရောက်နေတယ်ဆိုတာကို သူတို့ မသိဘူးလို့ သြဂုတ်လ ၂ ရက်နေ့မှာ ပြောပါတယ်။ ပျောက်ကျားတိုက်ခိုက်မှုအတွင်း သေဆုံးသွားတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါ တယ်။ အစ္စရေးဘက်ကတော့ ပျောက်ဆုံးနေတဲ့ စစ်သားဟာ အသက် ၂၃ နှစ်အရွယ် ဒုဗိုလ် ဟတ်ဒဂိုး ဒင်း ဖြစ်ပြီး သြဂုတ်လ ၁ ရက်နေ့မှာ ဟားမက်သေနတ်သမားတွေက ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။
ဇူလိုင်လ ၈ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဂါဇာမှာ နေထိုင်တဲ့ ပါလက်စတိုင်း ၁၆၀၀ နီးပါ သေ ဆုံးခဲ့ပြီး ဖြစ်ပါတယ်၊ အစ္စရေး စစ်သား ၆၀ ကျော်နဲ့ အရပ်သား ၃ ယောက်လည်း သေဆုံးခဲ့ပါတယ်၊ အမေရိ ကန် သမတ ဘာရတ် အိုဘားမားကလည်း အစ္စရေး စစ်သားကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ အပစ်ရပ်စဲရေး သဘောတူညီချက်အတိုင်း ပြန်ပြီး လိုက်နာကြဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon