အခုခေတ် ကလေးတွေကို သူတို့စတိုင်နဲ့ သူတို့အိုက်တင် နဲ့လေ။ မဆင့်တို့က အန်း တိတ်ဖြစ်နေပြီ။ ငယ်လည်း ငယ်သေးတယ်၊ အတွေ့အကြုံက လည်း နည်းသေးတော့ လိုအပ်တာတွေ အများကြီး ရှိသေးတယ်။ အဲဒီတော့ သူ့ကို ခွင့်လွှတ် နားလည်ပေးစေချင် တယ်။ အခုတော့ ကြော်ငြာကို စပြီး လုပ်ဖြစ်တာပါ။ ဇာတ်ကား ကတော့ မရိုက်သေးဘူး။ ကြော်ငြာ အတွက် လိုအပ်တာတွေ ကို ဒါရိုက် တာ ပြောတဲ့ အတိုင်းလုပ်ပေးထားတယ်။ ကိုယ်တွေ အလှည့်တုန်းက အဝတ်အ စားကအစ အကုန် စီစဉ်ရတာ။
အခု သားကိုလည်းလိုက်လုပ်ပေးရတာပေါ့။ သားက အနုပညာ အလုပ်လုပ်ပြီ ဆိုတော့ ကိုယ်က ရာထူး တိုးပြီပေါ့။ သားကလည်း ကြိုးစားတော့ ကြော်ငြာအနေ နဲ့တော့ မဆိုးပါဘူး” လို့ သားဖြစ်သူနဲ့ ပတ်သက် လို့ မေသန်းနုက ပြောပြပါတယ်။ အနုပညာသမား တစ်ယောက် အနေနဲ့ သားအတွက် ဆုံးမဖြစ်တာ ကိုလည်း မေသန်းနုက “မဆင့်ကတော့ အမေ တစ်ယောက် အနေနဲ့ မဟုတ်ဘဲ အနုပညာ သမား တစ်ယောက် အနေနဲ့ ပြောပြတယ်။ အနုပညာ သမား တစ်ယောက်က ကြိုးစားတိုင်းလည်း မအောင်မြင် ဘူး။
လူတစ်ယောက် ရဲ့စိတ်က အားငယ် သွားမယ်လေ။ အနုပညာ သမား အချင်းချင်းတောင် အောင်မြင်တဲ့ အနုပညာ သမားနဲ့ မအောင်မြင်တဲ့သူ နဲ့နေရာပေးတာ ချင်းလည်း မတူဘူး။ ကိုယ်ကဒီ လောက မှာဖြတ် သန်း လာတာ ကောင်းကောင်း သိတယ်။ ခံစား ရတာမျိုး မဖြစ် စေချင်ဘူး။ လုပ်မယ် ဆိုရင် အဆုံးထိ အကောင်းဆုံး လုပ်လို့ပြောထားတယ်” လို့ ပြောပြခဲ့ပါ တယ်။
Popular News
Sign up here with your email
ConversionConversion EmoticonEmoticon