ပဲခူးမြို့ ရေဘေးဒုက္ခသည်စခန်းကိုးခု ပိတ်သိမ်းပြီ၊ တိုင်းအတွင်းရှိ ကျောင်း ၃၅ ကျောင်း ပြန်ဖွင့်

ပဲခူးတွင် ရေကြီးနေသည့် မြင်ကွင်းအား သြဂုတ် ၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - AFP
ပဲခူးမြို့တွင် ရေကျသွားပြီဖြစ်၍ ရေဘေးဒုက္ခသည် တစ်သောင်းခန့် အိမ်ပြန်ကြပြီး ကယ်ဆယ်ရေးစခန်း ကိုးခုကို ပိတ်လိုက်ပြီဖြစ်ပြီး တိုင်းအတွင်း ပိတ်ထားရသည့် စာသင်ကျောင်း ၃၅ကျောင်းပြန်လည်ဖွင့်လှစ် လိုက်ပြီဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က သြဂုတ် ၁၁ရက်တွင် မဇ္ဈိမကို အတည်ပြုသည်။

“မနေ့က ၀န်ကြီးချုပ်လာဦးမယ် ခဏစောင့်ပါဦးဆိုတာတောင် မရဘူး။ အိမ်ပြန်ကြတယ်။ ဒီမှာနေရတာနဲ့ အိမ်မှာနေရတာက မတူဘူးလေ”ဟု ၎င်းက ပြောသည်။

သြဂုတ်လ ၆ ရက်မှစ၍ ပဲခူးမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ရေဘေးဒုက္ခသည် ၁၇,၀၀၀ ခန့်ရှိ ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၁၈ခု ဖွင့်လှစ်ခဲ့ရသည်။

သြဂုတ်လ ၁၁ ရက် မနက် ၈ နာရီအထိ ရေဘေးကယ်ဆယ်ရေးစခန်း ကိုးခုသာ ဆက်လက်ဖွင့်လှစ်ထား ပြီး ရေဘေးဒုက္ခသည် ၇,၂၀၀ သာကျန်တော့သည်ဟု ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က ပြော သည်။

သို့သော် ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက် ရေဘေးကယ်ဆယ်ရေးစခန်းကို သြဂုတ်လ၁၀ရက် ညနေတွင် ပိတ်သိမ်းလိုက်သော်လည်း ဇောင်းတူဆည်မှ ရေလွှတ်လိုက်သည့်အတွက် ရေအနည်းငယ် ပြန်တက်လာသည်ဟုလည်း ယင်းရပ်ကွက်နေ ဦးကျော်လွင်က ပြောသည်။

ထို့ပြင် ပဲခူးတိုင်းအတွင်း ပိတ်ထားရသည့် စာသင်ကျောင်း အရေအတွက် ၁၇၅ ကျောင်းမှ ၁၄၀သို့ လျော့ကျ သွားပြီဟု ပဲခူးတိုင်းပညာရေးမှူး ဦးစောစံရင်က ဆိုသည်။

“ရေကျသွားလို့ကျောင်းတွေ ပြန်ဖွင့်နိုင်ပြီဆိုတာ ဒီနေ့ အစီရင်ခံစာ တက်လာတယ်။ သက်ဆိုင်ရာမြို့နယ်က တက်လာတဲ့ စာရင်းအရ ၃၅ကျောင်း ပြန်ဖွင့်နိုင်ပြီ”ဟု ၎င်းက ပြောသည်။

ပဲခူး ၊ က၀ ၊ ဝေါ ၊ ညောင်လေးပင်၊ သနပ်ပင်၊ ဒိုက်ဦးမြို့များမှ စာသင်ကျောင်း ၃၅ကျောင်းကို သြဂုတ်လ ၁၁ ရက်က ပြန်ဖွင့်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရေကြီး၍ ကျောင်းပိတ်ထားသောရက်များအတွက် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် တစ်ပတ်တစ် ရက်နှုန်းဖြင့် အစားထိုး သင်ကြားပေးရန် တိုင်းပညာရေးရုံးက စီစဉ်နေသည်။

ရေကြီးရေလျှံမှုများကြောင့် ပျက်စီးသွားသော လယ်ယာမြေစာရင်း ကောက်ခံရန်ကိုလည်း ပြင်ဆင်ထားကာ စိုက်ပျိုးစရိတ်နှင့် မိုးစပါးကူညီထောက်ပံ့မည်ဟု ပဲခူးတိုင်း အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်သန်းက မဇ္ဈိမကို ပြောထားသည်။

ပဲခူးတိုင်းအတွင်း မြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိသည့်အနက် ပဲခူး၊ သနပ်ပင်၊ ဝေါ၊ ကျောက်ကြီး၊ ညောင်လေး ပင်၊ ဒိုက်ဦး၊ က၀မြို့နယ်များတွင် ရေကြီးနေခြင်းဖြစ်သည်။

ရေကြီးရေလျှံမှုကြောင့် မွေးမြူရေးကန်များ၊ မွေးမြူရေးခြံများလည်း ပျက်စီးခဲ့ရသည်ဟု အစိုးရအဖွဲ့တာဝန်ရှိ သူတို့က ပြောသည်။

တိုင်းအစိုးရအဖွဲ့ ခန့်မှန်းထားသော စာရင်းများအရ လယ်ယာမြေဧက ၂၆ သိန်းကျော်ရှိသည့် ပဲခူးတိုင်းအ တွင်း ဧက ကိုးသောင်းခန့် ရေနစ်မြုပ်မည်ဟု ဆိုသည်။ ယင်းစာရင်းအတိအကျကို သြဂုတ် ၁၄ ရက်တွင် စတင်ကောက်ယူနိုင်ရန် မျှော်မှန်းထားသည်ဟု ဦးမောင်မောင်သန်းက ပြောသည်။

ရေခဲ(ပြည်) | mizzima

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.