Lindsay Lohan ဟာ ၂၀၁၃ စက်တင်ဘာလမှာထုတ်ခဲ့တဲ့ Grand Theft Auto ရဲ့နောက်ဆုံးအပိုင်း Grand Theft Auto V မှာ သူမနဲ့ရုပ်တူတဲ့ ဇာတ်ကောင် Lacey Jonas ကို ဒီဇိုင်နာတွေက အသုံးပြုခဲ့တယ်လို့စွပ်စွဲပြီး လူကြိုက်များတဲ့ ဗီဒီယိုဂိမ်းစီးရီးတွေဖြစ်တဲ့ Grand Theft Auto ရဲ့ထုတ်လုပ်သူတွေကို တရားစွဲဆိုနေပြီဖြစ် ပါတယ်။
ဂိမ်းကိုထုတ်လုပ်သူ Take-Two Interactive Software Inc., ကသူမရဲ့ခွင့်ပြုချက်မရှိပဲ သူမရဲ့ရုပ်ပုံကိုအ သုံးပြုပြီး ဇာတ်ရုပ်ကိုဖန်တီးခဲ့တာဖြစ်ကြောင်း Lindsay Lohan ကစွပ်စွဲပြီး Manhattan အထက်တရားရုံးမှာ အမှုဖွင့်စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ Lindsay လိုမျိုး အဲဒီ့ဇာတ်ကောင်ဟာလည်း အချစ်ဟာသကားတွေနဲ့ အထက်တန်းကျောင်း ပန်းပွားမယ်အကရုပ်ရှင်တွေမှာသရုပ်ဆောင်တဲ့ မင်းသမီးဖြစ်ပြီး ပါပါရာဇီတွေရဲ့ ရန်ကလွတ်ရာလွတ်ကြောင်း အကူအညီတောင်းနေတဲ့ ဒီဂီမ်းရဲ့အပိုင်းတစ်ခု ထဲမှာ တွေ့မြင်ရတာဖြစ်ပါ တယ်။
ဒီဂိမ်းဟာ အနောက်ဟောလိဝုဒ်ရဲ့ အထင်ကရနေရာဖြစ်တဲ့ Chateau Marmont ဟိုတယ်လ် ကိုလည်းထည့် သွင်းခဲ့ပါတယ်။ အဲဒီ့ဟိုတယ်လ်မှာ Lindsay ဟာ ၂၀၁၂ ခုနှစ် ဇွန်လနဲ့ ဇူလိုင်လတွေမှာ ၄၇ ရက်တည်းခို ခဲ့ပြီး နောက်ပိုင်းမှာ သူမရဲ့ အကြွေးစာရင်း ၄၆၀၀၀ ဒေါ်လာမပေးနိုင်တော့လို့ နေထိုင်ခွင့်ပိတ်ပင်ခဲ့တဲ့နေ ရာဖြစ်ပါတယ်။ ဒီဟိုတယ်ဟာ ဂိမ်းထဲမှာ ဇာတ်ကောင် Jonas နေထိုင်တဲ့နေရာဖြစ်ပါတယ်။
အဲဒီ့ဂိမ်းထဲမှာ အဓိကတာဝန်က Chateau ဟိုတယ်လ်မှာ လိင်ဆက်ဆံနေတဲ့ Jonas ရဲ့ဓာတ်ပုံကိုရိုက်ရတဲ့ လုပ်ငန်းတာဝန် mission တစ်ခုလဲပါရှိပါတယ်။
Jack the Ripper | Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon