အင်္ဂါနေ့မှာ ကျရောက်တဲ့ ထိုင်းအမျိုးသားဘာသာနေ့အထိမ်းအ မှတ်အဖြစ် ကြေညာချက် ထုတ်ပြန်ရာမှာ သူ့နာမည် ထိပ်ဆုံးက ပါလာတာပါ။
နာမည်ကို Yasa လို ဖော်ပြထားပါတယ်။
ထိုင်းဘာသာရပ်ကို ကလေးတွေ လူငယ်တွေ တန်ဘိုး ထားကြဖို့ ဆောင်ရွက်တဲ့ အနေနဲ့ ပြိုင်ပွဲ ကျင်းပခဲ့ခြင်းပါ။
ဒီကလေးက တတိယတန်း Grade 3 ကျောင်းသားဖြစ်တယ်၊ တာ့ခရိုင် ဇုန်အမှတ် ၂ ထဲက Arunmetha ကျောင်းမှာ တက်နေတယ်လို့ ဆိုတယ်။
မိဘများကတော့ တာ့ခရိုင် ဖုတ်ဖရမြို့မှာ အလုပ်လုပ်ကိုင်နေကြသူတွေပါ။
ဖုတ်ဖရ ဆိုတာက ကရင်ပြည်နယ်တဘက်ကမ်းက မြို့လေးပါ။
မဲဆောက်-မြ၀တီမြို့တွေနဲ့ နီးပါတယ်။ ဒီကလေး Grade 1 စတက်တော့ အသက် ၁၀ နှစ် ရှိပါပြီ။ အဲဒီအချိန် တုန်းက ထိုင်းစာသူ မရေးတတ်သေးဘူးလို့ ဆိုတယ်။
အခုတော့ ရေးတတ်ရုံတင်မက လက်ရေးအလှမှာ ထိပ်ရောက်နေတဲ့အတွက် သူ့အကြောင်း ထိုင်းမီဒီ ယာတွေမှာ ရေးသားနေကြတာ တွေ့ရပါတယ်။
ဧရာဝတီ
Sign up here with your email
ConversionConversion EmoticonEmoticon