မိုးရာသီအတွင်း လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှု အများဆုံးဖြစ်

မိုးရာသီကာလအတွင်း မီးလောင်ကျွမ်းမှု ဆက် တိုက်ဖြစ်ပွားနေပြီး လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်မှု အများဆုံးဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။

မိုးရာသီကာလဖြစ်သာ မေလတွင် ၁၂၇ ကြိမ်၊ ဇွန်လတွင် ၆၁ ကြိမ်၊ ဇူလိုင်လတွင် ၄၁ ကြိမ်ဖြစ် ပွားခဲ့ပြီး လျှပ်စစ်ကြောင့် မီးလောင်ကျွမ်းမှု ၁၈၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မိုးရာသီကာလတွေမှာ မီးလောင်မှုတွေက နွေရာ သီတွေထက် လျော့နည်းပါတယ်။ မီးလောင်တာတွေက အဆောက်အအုံ အတွင်းမှာ ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှုတွေက များလာပါတယ်” ဟု မီးသတ်ဦးစီဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးရာသီကာလအတွင် မီးလောင်မှုများအနက် ဇူလိုင် ၂၆ ရက် ညနေပိုင်း သာကေ တ(၁)ဈေးအတွင်း မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၃၉ ခန်း မီးလောင်ပျက်စီးခဲ့သော မီးလောင်မှုဖြစ်ကာ မီးလောင်မှု အကြောင်းအရင်းအား စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

EMG

Previous
Next Post »
Powered by Blogger.