လူအတော်များများ နေ့လယ် ထမင်းစားပြီးလျှင် ငိုက်မျဉ်းချင်ကြသည်။ ငိုက်သဖြင့် အလုပ်လည်း မတွင်ဖြစ် ရသည်။ သို့ဖြစ်သောကြောင့် ၀န်ထမ်းများ အလုပ်လုပ်နိုင်စွမ်း တိုးလာစေရန် ဆိုးလ်မြို့ အစိုးရ အဖွဲ့သည် နေ့လယ် ထမင်းစားပြီးချိန်တွင် ၀န်ထမ်းများ တစ်နာရီခန့် တစ်ရေးအိပ်လိုက် အိပ်ခွင့်ပြု သွားမည် ဖြစ်ကြောင်း သိရသည်။
သြဂုတ် တစ်ရက်နေ့မှစပြီး ဆိုးလ်မြို့ အုပ်ချုပ်ရေးအဖွဲ့၏ ၀န်ထမ်းများသည် နေ့လယ် တစ်နာရီမှ ညနေ ခြောက်နာရီအကြား ကြိုက်သည့် အချိန်တွင် တစ်နာရီ အိပ်စက်ခွင့် ရကြမည် ဖြစ်သည်။ သို့သော် ထိုသို့ အိပ်မည့် သူများသည် တစ်နာရီစာကို အလုပ်စော လာပေးခြင်း သို့မဟုတ် နောက်ကျမှ ရုံး ဆင်းခြင်းဖြင့် အစားထိုး ပေးရမည် ဖြစ်ကြောင်း သိရသည်။
တစ်ရေး အိပ်လိုသော ၀န်ထမ်းများ သည် နားနေခန်းများ၊ အစည်းအဝေး ခန်းများနှင့် အခြား အခန်းလွတ် များတွင် အိပ်စက်နိုင်ကြောင်း ဆိုးလ်မြို့ အုပ်ချုပ်ရေးအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။ ၀န်ထမ်းများ နားနားနေနေ တစ်ရေး အိပ်နိုင်မည့် နေရာများ ပိုဖန်တီးပေးရန် လာမည့် နှစ်အတွင် မြို့အုပ်ချုပ်ရေး အဖွဲ့သည် ငွေပိုသုံးစွဲမည် ဖြစ်ကြောင်းလည်း သိရသည်။
ဆိုးလ်မြို့ အုပ်ချုပ်ရေးအဖွဲ့ ၀န်ထမ်းများသည် မနက်ကိုးနာရီ ညနေခြောက်နာရီ ပုံမှန် ရုံးချိန်ဖြစ်ရာ တစ်နာရီ အိပ်လိုသူများ အနေဖြင့် မနက်ရှစ်နာရီ ရုံးလာခြင်း၊ သို့မဟုတ် ည ခုနစ်နာရီ မှ ရုံးဆင်းခြင်း တစ်ခုခုတော့ အစားထိုး ပေးရမည် ဖြစ်သည်။
Source: BBC | the messenger
Sign up here with your email
ConversionConversion EmoticonEmoticon