လှိုင်သာယာမြို့နယ်ရှိ မြေအောက်ရေနှင့် မြေပေါ်ရေ များတွင် ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် နိုက်ထ ရိုက်နှင့် အာဆင်းနစ်များကို တွေ့ရှိရ ကြောင်း စိမ်းလန်းအမိမြေ၏ ၂နှစ်တာ စစ်တမ်းအရ သတင်းရရှိ သည်။
‘‘ရေတွင်း၊ ရေကန်တွေမှာ အဲဒီဓာတ်တွေ တွေ့တယ်။ ဒါ ဟာ လူတွေအတွက် အရမ်းအန္တရာယ်ရှိစေပါ တယ်’’ ဟု စိမ်းလန်းအမိမြေမှ ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။
နိုက်ထရိုက် ဓာတုပစ္စည်း သည် ကြက်/၀က် အူချောင်းများ တွင် ကြာရှည်ခံစေရန်အတွက် အသုံးပြုသော ပစ္စည်းများဖြစ်ပြီး လူတစ်ဦး၏ ခန္ဓာကိုယ်အတွင်း လိုအပ်သည့်ထက် များပြားစွာ ရောက်ရှိပါက အူမကြီး ကင်ဆာ၊ သားမြတ်ကင်ဆာ၊ အစာဟောင်း အိမ်ကင်ဆာ၊ ဆီကျိတ်ကင်ဆာ များဖြစ်နိုင်သည်ဟု သိရှိရသည်။
မှန်စက်ရုံ၊ သစ်စက်ရုံ၊ ပိုး သတ်ဆေးစက်ရုံမှ ထွက်သောစွန့် ပစ္စည်းများတွင်လည်း အာဆင်း နစ်ထွက်ရှိ သည်။ သောက်ရေ တစ်လီတာတွင် အာဆင်းနစ် ပျော်ဝင်နှုန်း ၀ ဒသမ ၀၁ မီလီဂရမ်ထက်ကျော် လွန်သော ရေများကို ကြာရှည်စွာ သောက်သုံးမိပါက အရေပြား၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းတို့ကို ထိ ခိုက်စေနိုင်သည်။
ထို့အပြင် ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မူးဝေခြင်း၊ ၀မ်းအလွန်သွားခြင်း၊ ဖြူဖျော့ ခြင်း၊ အနီကွက် ထခြင်း၊ ရောင် ရမ်းခြင်း၊ လက်သည်းခြေသည်း အရောင်ပြောင်းခြင်း၊ တက်ခြင်း၊ အန်ခြင်း၊ ကြွက်တက်ခြင်း၊ ဆီးထဲ သွေးပါခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ဆံပင်ကျွတ်ခြင်းများကို ဖြစ်ပေါ်စေသည်။ အချိန်မီ မကုသနိုင်ပါက သတိမေ့မြောပြီးအသက်ဆုံးရှုံးတတ်သည်။
ရေမြောင်း စနစ်များ မကောင်းမွန်မှု၊ မြို့နယ်အတွင်း တွင် တည်ဆောက်ထားသော စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ်မှု အမှိုက်များ စနစ်တကျ မစွန့်ပစ်မှု ကြောင့် မြေပေါ်ရေတွင် ပျံ့နှံ့သွား ပြီး ထိုမှတစ်ဆင့် မြေအောက်
ရေ များသို့ စိမ့်ဝင်ခြင်းများ ဖြစ် ကြောင်း ၎င်းတို့ပြုလုပ်ခဲ့သည့် သုတေသနစစ်တမ်းတွင် ဖော်ပြထားသည်။
လှိုင်သာယာမြို့နယ် စက်မှု ဇုန်အတွင်းရှိ လူနေအိမ်ခြေရပ် ကွက်များနှင့် ရေမြောင်းများကို ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ နှစ်နှစ်အကြာ သုတေသနစစ် တမ်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မကြာမီ အဆိုပါ စစ်တမ်းကို အများပြည် သူများသိရှိရန် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဦးဝင်းမျိုးသူက ပြော သည်။လှိုင်သာယာမြို့နယ် စက်မှု ဇုန်ရှိသည့် ရပ်ကွက်များတွင် နှစ် စဉ်ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ် လျက်ရှိသောကြောင့် ရေထုညစ် ညမ်းမှုရှိသည့် နိုက်ထရိုက်နှင့် အာဆင်းနစ်များ ပျံ့နှံ့မှု ကျယ် ပြန့်လာနိုင်ကြောင်း ဦးဝင်းမျိုးသူ က ပြောသည်။
အိဖြူမွန် | 7daydaily
Sign up here with your email
ConversionConversion EmoticonEmoticon