ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)က ဘရာဇီးမှာ ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပရာမြို့တွေထဲ တခုဖြစ် တဲ့ ဆောပိုလိုမြို့မှာ ပိုလီယိုဗိုင်းရပ်စ်ကို တွေ့ခဲ့ကြောင်း ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့က ပြောခဲ့တာပါ။
ဒါပေမယ့် လူကို ကူးစက်မှုတော့ လောလောဆယ် မရှိသေးပါဘူး။ ဒီဗိုင်းရပ်စ်ကို ဆောပိုလိုမြို့ ဗီရာကို ပို့စ် နိုင်ငံတကာလေဆိပ်မှာ မတ်လက တွေ့ရှိခဲ့ပြီး အရင်အပတ်ကမှ ဘရာဇီးကျန်းမာရေး အာဏာပိုင်တွေ က အစီရင်ခံခဲ့ပါတယ်။
ပိုလီယိုဗိုင်းရပ်စ်ဟာ အာရုံကြောစနစ်ကို ချွတ်ယွင်းစေပြီး နာရီပိုင်းအတွင်းမှာ အကြောသေမှုကို ဖြစ်စေနိုင် ပါတယ်။ ဒီရောဂါကို ကုသဆေးမရှိသေးပေမယ့် ကာကွယ်ဆေးနဲ့တော့ တားဆီးနိုင်ပါတယ်။
အသက် ၅ နှစ်အောက် ကလေးတွေဟာ ဒီဗိုင်းရပ်စ်ကို ခုခံနိုင်မှု အားအနည်းဆုံး ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ ပိုလီယို ကင်းစင်ခဲ့တာ ၁၉၈၉ ခုနှစ်တည်းက ဖြစ်ပြီး လူဦးရေရဲ့ ၉ ၈ ရာခိုင်နှုန်းကို ပုံမှန် ပိုလီယို ကာကွယ်ဆေးတိုက်ထားပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon